DVB Logo
Home
မြန်မာသတင်း
ကရင်နီလူငယ် ၉ ဦး မြို့နယ်တခုတည်းတွင် စုပေါင်းတရားရင်ဆိုင်ခွင့်ရရှိ
DVB
·
December 28, 2018
ကရင်နီလူငယ် ၉ ဦး မြို့နယ်တခုတည်းတွင် စုပေါင်းတရားရင်ဆိုင်ခွင့်ရရှိ
Donate to DVB

ပုဒ်​မ ၅၀၅ (ခ) နဲ့ မြို့နယ်​ ၅ မြို့နယ်​မှာ တရားရင်​ဆိုင်​​နေရတဲ့ ကရင်​နီလူငယ်​ ၉ ဦးကို မြို့နယ်​တ​မြို့နယ်​ထဲမှာ စု​ပေါင်းတရားရင်​ဆိုင်​ဖို့ ကယားပြည်​နယ်​ တရားလွှတ်​​တော်ရုံး တရားသူကြီးက ဒီက​နေ့ အမိန့်​ချလိုက်​ပါတယ်​။

ခုလို မြို့နယ်​တခုထဲမှာ တရားရင်​ဆိုင်​ခွင့်ရဖို့ တရားရင်​ဆိုင်​​နေရတဲ့ ကရင်​နီလူငယ်​​တွေကပဲ ပြည်​နယ်​တရားလွှတ်​​တော်ရုံးကို စာတင်​ခဲ့တာပါ။

တရားရင်​ဆိုင်​​နေရတဲ့ ကိုဒီးဒီ (ခ) စစ်​မုန်းက "၅ မြို့နယ်​မှာ တရားစွဲခံရ​တော့ သွားလာရ ခက်​ခဲတာ​တွေရှိတယ်​၊ ကုန်​ကျစရိတ်​ရှိတယ်​၊ အဲ့ဒါ​ကြောင့် ကျ​နော်​တို့က စု​ပေါင်းရုံးကို ပြည်​နယ်​ တရားလွှတ်​​တော်​မှာ ​လျှောက်​လိုက်​တယ်​​ပေါ့​နော်​" လို့ ​ပြောပါတယ်​။

လွိုင်​​ကော်​၊ ဖရူဆို၊ ​ဖား​ဆောင်း၊ ​ဘောလခဲနဲ့ ဒီး​မော့ဆိုမြို့နယ်​​တွေမှာ တရားရင်​ဆိုင်​​နေရတဲ့ ကရင်​နီလူငယ်​​တွေဟာ ဒီး​မောဆိုမြို့နယ်​တခုထဲမှာ စု​ပေါင်းတရားရင်​ဆိုင်​ရ​တော့မှာဖြစ်​ပါတယ်​။

တရားစွဲဆိုခံရတဲ့အထဲမှာ တိုင်းရင်းသား စည်းလုံးညီညွတ်​မှု ပျက်​ပြား​စေမှု၊ တိုင်းရင်းသား လူမျိုးစု တစုနဲ့တစု အချင်းချင်း​သွေးကွဲ​စေမှု၊ ပြစ်​မှုကျူးလွန်ချင်​လာ​အောင်​ လှုံ့​​ဆော်​မှု စတဲ့ ပုဒ်​မ​တွေနဲ့ တရားစွဲဆိုထားတယ်​လို့ဆိုပါတယ်​။

"သက်​​သေ​တွေ ထွက်​ဆိုတဲ့အခါမှာလည်း ခုနက​ပြောတဲ့ ပြစ်​မှုကျူးလွန်​ချင်​လာ​အောင်​ဆိုတဲ့ ကိစ္စ​တွေက တကယ်​အပြင်​မှာ သက်​​သေအရ မပြနိုင်​ဘူးဗျ။ ​ပြောရမယ်​ဆိုရင်​ ဒါက သက်​​သေမခိုင်​လုံဘူး။ ဒါ​ပေမယ့် အစိုးရက စွဲခိုင်းလို့သာ တရားလိုဖြစ်​တဲ့ ဝန်​ထမ်း​တွေက စွဲရတာ​ပေါ့" လို့ တရားရင်​ဆိုင်​​နေရတဲ့ ကိုဖိလစ်​စိုး​အောင်​က ​ပြောပါတယ်​။

ဒီလူငယ်​​တွေအ​နေနဲ့ လာမယ့် ဒီး​မောဆိုမြို့နယ်​ စု​ပေါင်းတရားရုံးချိန်းကို ဇန်​နဝါရီ ၅ ရက်​​နေ့မှာ တရားရင်​ဆိုင်​​ရမှာဖြစ်​ပါတယ်​။

ကယားပြည်​နယ်​ လွိုင်​​ကော်​မြို့က ဂန္ဓာ​ဟေဝန်​ပန်းခြံမှာ ​ထားရှိမယ့် ဗိုလ်​ချုပ်​​ကြေးရုပ်​ကို ကန့်​ကွက်​လှုပ်​ရှားခဲ့တာ​ကြောင့် ကရင်​နီလူငယ်​ ၉ ဦးဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်​မ ၅၀၅ (ခ) နဲ့ မြို့နယ်​ ၅ မြို့နယ်​မှာ တရားရင်​ဆိုင်​ခဲ့ရတာ ဖြစ်​ပါတယ်​။

ခွန်းတူးတူး​လေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013