DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းတွင် ၂ နှစ်​ခွဲအတွင်း ​ရေနံလက်​ယက်​တွင်းတိမ်​လုပ်​ငန်းမှ ရန်​ပုံ​ငွေ ၈ ဘီလီယံ​ကျော်​ရရှိ
DVB
·
December 28, 2018
မကွေးတိုင်းတွင် ၂ နှစ်​ခွဲအတွင်း ​ရေနံလက်​ယက်​တွင်းတိမ်​လုပ်​ငန်းမှ ရန်​ပုံ​ငွေ ၈ ဘီလီယံ​ကျော်​ရရှိ
Donate to DVB

မ​ကွေးတိုင်း​ဒေသကြီးအတွင်းရှိ ​ရေနံလက်​ယက်​တွင်းတိမ်​လမ်​ငန်းက​နေ အစိုးရသစ်​သက်​တမ်း ၂ နှစ်​ခွဲအတွင်း တိုင်း​ဒေသကြီးရန်​ပုံ​ငွေ ၈ ဘီလီယံ​ကျော်​ ​ကောက်​ခံရှိခဲ့တယ်​လို့ သိရပါတယ်​။

“၂၀၁၆ ခုနှစ်​ ဧပြီ ၁ ရက်​​နေ့က​နေ ဒီနှစ်​ထဲထိရတဲ့ ​ငွေစုစု​ပေါင်းက ကျပ်​​ငွေသန်း​ပေါင်း ၈၀၀၀​ ကျော်​ပြီ။ ယခင်​အစိုးရလက်​ထက်​ ၂၀၁၀ ခုနှစ်​က​နေ ၂၀၁၅ ခုနှစ်​ထိ ၅ နှစ်​အတွင်း စုံးစမ်းစစ်​​ဆေးလို့ ရခဲ့တဲ ​ငွေစုစု​ပေါင်းက ကျပ်​​ငွေသန်း​ပေါင်း ၇၀၀၀ ​ကျော်​တယ်​။ လုပ်​ငန်းအသုံးစရိတ်​​တွေ ပြတာရှိ​နေပြီး ​ငွေသားပြန်​ရတာက ကျပ်​​ငွေသန်း​ပေါင်း ၃၂၇၉ သန်းပဲရှိတယ်​။ ယခင်​အစိုးရလုပ်​ခဲ့တဲ့ ​ငွေပမာဏကို အခုအစိုးရလက်​ထက်​မှာ ၂ နှစ်​ခွဲနဲ့​ကျော်​သွားပြီ" လို့ ဒီဗွီဘီကို​ပြောပါတယ်​။

မ​ကွေးတိုင်းအတွင်း ချက်​ဖိုမရှိလို့ ချက်​ဖိုရှိတဲ့ မုံရွာကို သွားချက်​တဲ့အတွက်​ တိုင်းအစိုးရက သယ်​ယူခွင့်မျှောစာထုတ်​​ပေးပြီး အရင်က ၁ ​​ပေပါကို ၃၀၀၀ ကျပ်​​ကောက်​ခံရာမှ အခုနှစ်​အတွင်း ၅၀၀၀ ကျပ်​ထိ ​​​ကောက်​ခံတယ်လို့ မ​ကွေးတိုင်း​ဒေသကြီး ဝန်​ကြီးချုပ် ​​ဒေါက်​တာ​အောင်​မိုးညိုက ပြောပါတယ်။

မင်းလှမြို့ ​ရွှေ​တောင်​တန်း ​ရေနံလက်​ယက်​တွင်းတိမ်​လုပ်​ငန်းရှင်​များအသင်း ဥက္ကဋ္ဌ ​ဒေါ်မြမြမင်းကတော့ လက်​ရှိ ၂၀၁၉ သက်​တမ်းတိုးမှာ ​မြေငှါးခ ၁ ​နှစ်​ကို ၃၀၀၀ ကျပ်​​ကောက်​ခံခဲ့ရာမှ ၃ သိန်းကျပ်​ထိ တိုးမြှင့်​​ကောက်​ခံလိုက်​တဲ့အတွက်​ လုပ်​ငန်းရှင်​​တွေ အခက်​ခဲဖြစ်​​နေတယ်လို့ ပြောပါတယ်။

“အစိုးရရဲ့မူအတိုင်း လူတဦးကို ၅ ဧကနှုန်းနဲ့​ ​လျှောက်​ထား​ပေမယ့် ပြန်​မကျပါဘူး။ လုပ်​ကွက်​တ​ကွက်​တင်​တဲ့ ကုန်​ကျစရိတ်​က ၁၅ သိန်းကျပ်​နဲ့ သိန်း ၂၀ ကျပ်​ထိ ကုန်​ကျတယ်​။ ပြည်​သူ​တွေရဲ့အသံကို နား​ထောင်​ပြီး ​နွေး​နွေး​ထွေ​ထွေး ​ဆွေး​နွေးပြီး အခက်​ခဲ​တွေကိုလည်း အားကိုးပါတယ်​။ အခက်​ခဲ​တွေကို​ သေချာစိစစ်​ပြီး လုပ်​ငန်းရှင်​​တွေလည်း ​လျှောက်​သာ​အောင်​၊ အစိုးရမှာလည်း အခွန်​ရ​အောင်​ ​ဆောင်​ရွက်​​ပေး​စေချင်​တယ်​။"

မ​ကွေးတိုင်း​ဒေသကြီးအတွင်း ​ရေနံလက်​ယက်​တွင်းတိမ်​လုပ်​ကွက်​​ပေါင်း ၃၁ ကွက်​ရှိကာ အထက်​မင်းလှ၊ သရက်​၊ မြိုင်​​၊ ​ပေါက်​ မြို့နယ်​​တွေမှာ အများဆုံးထွက်​ရှိပြီး မုံရွာ၊ ကြံခင်း၊ အင်္ဂပူ၊ မန္တ​လေး၊ တံတားဦး၊ မြင်းခြံ ရှိ ​ရေနံချက်​ဖို​တွေကို သွား​ရောက်​​ရောင်းချကြတာပါ။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013