DVB Logo
Home
မြန်မာသတင်း
ဖြူးမြို့အနီး ယာဉ်သုံးစီးဆင့်တိုက်၊ ၁၅ ဦး ဒဏ်ရာရ
DVB
·
December 28, 2018
ဖြူးမြို့အနီး ယာဉ်သုံးစီးဆင့်တိုက်၊ ၁၅ ဦး ဒဏ်ရာရ
Donate to DVB

ပဲခူးတိုင်း ဖြူးမြို့အနီး ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် ၁၃၀/၃ မှာ ဒီဇင်ဘာ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက ယာဉ်သုံးစီး ဆင့်တိုက်မှုဖြစ်ပွားခဲ့ပြီး ၁၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖြူးမြို့မရဲစခန်းက ပြောပါတယ်။

ကညွတ်ကွင်း-ဖြူးပြေးဆွဲတဲ့ ခရီးသည်တင်ယာဉ်က အခြားယာဉ်နှစ်စီးကို တိုက်မိခဲ့တာလို့ ဖြူးမြို့မ ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။

"ဖြူးဘက်ကနေ ခရီသည်တင်ပြီး ထွက်လာတဲ့ လိုင်းကားက ဆိုင်ကယ်တွေကို ကျော်တက်ရာကနေ တဖက်ကလာတဲ့ ဒိုင်နာရင်ကို တိုက်မိပြီးနာက် ဖောကားတစီးကိုပါ ထပ်တိုက်မိတာ။ ဒဏ်ရာရတဲ့သူတွေထဲက စိုးရိမ်ရတဲ့ နှစ်ယောက်ကိုတော့ နေပြည်တော်ကို လွှဲလိုက်တယ်၊ အခြားသူတွေကတော့ ဖြူးဆေးရုံမှပါပဲ။"

ယာဉ်တိုက်မှုကြောင့် ခရီသည်တင်ယာဉ်ပေါ် လိုက်ပါလာသူ ယာဉ်မောင်းအပါအဝင် ၁၀ ဦးနဲ့ FORLAND ယာဉ်ပေါ် လိုက်ပါလာသူ ၅ ဦး စုစုပေါင်း ၁၅ ဦး ဒဏ်ရာရရှိခဲ့တာလို့ ဆိုပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ခရီးသည်တင် ယာဉ်မောင်း ကျော်လင်းအား ဖြူးမြို့မရဲတပ်ဖွဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၃၈/၃၃၇ နဲ့ အမှုဖွင့်လှစ်ကာ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း-ကျော်အောင်( ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013