DVB Logo
Home
သတင်းတို
ပုဂ္ဂိုလ်ရေး မမှားကြရန် သမ္မတ ပြောကြား
DVB
·
September 11, 2012
ပုဂ္ဂိုလ်ရေး မမှားကြရန် သမ္မတ ပြောကြား
Donate to DVB

စေတနာအလျောက် လုပ်မှားကိုင်မှား ဖြစ်တာတွေကို တာဝန်ယူ ပြုပြင်ပေးသွားမှာ ဖြစ်ပေမယ့် ကိုယ်ကျင့်တရား စာရိတ္တမဏ္ဍိုင်နဲ့ ပတ်သက်ပြီး တဦးချင်း ပုဂ္ဂိုလ်ရေး မမှားကြဖို့ သမ္မတဦးသိန်းစိန်က ၀န်ကြီးနဲ့ ဒုဝန်ကြီးအသစ်တွေကို သတိပေး မှာကြားပါတယ်။

စက်တင်ဘာ ၁၀ ရက်နေ့က နေပြည်တော်မှာ သမ္မတရဲ့ မိန့်ခွန်းနာခံခြင်းနဲ့ ကတိသစ္စာပြုခြင်း အခမ်းအနားမှာ သမ္မတက အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

ဝန်ကြီးတွေကို အဂတိ လိုက်စားမှု မလုပ်ဖို့ အများပြည်သူသိအောင် သမ္မတက ပထမဦးဆုံး အကြိမ် ပြောလိုက်တာဖြစ်ပြီး သူ့အစိုးရအဖွဲ့ကို ကောင်းမွန်တဲ့ အစိုးရ၊ သန့်ရှင်းတဲ့ အစိုးရဖြစ်ရေး ရည်ရွယ်ကြောင်းလည်း သိရပါတယ်။

ဒါတင်မက သမ္မတက ၀န်ကြီးတွေကို ကိုယ့်အဖွဲ့အစည်းကောင်းအောင် တည်ဆောက်ရာ မှာ ခေါင်ကလုံမှတံစက်မြိတ်လည်း လုံမှာဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ကောင်းအောင် အရင်ဆုံး တည်ဆောက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013