DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
December 27, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲတအိတ်ကို ၇၆ဝဝဝ  ပေါက်ဈေးရှိပြီး ၈ဝဝကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးပွဲစားကုန်သည် စက်ပိုင်အသင်းမှာ မတ်ပဲတအိတ်ကို ၇ဝဝဝဝ မှ ၇၂ဝဝဝ  ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့မန္တလေးကုန်စည်ဒိုင်မှာ ၄ဝဝဝ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံ

ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်မှာ ပဲစင်းငုံတအိတ်ကို ၇၂ဝဝဝ ပေါက်ဈေးရှိပြီး ၁၅၅ဝ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာ ပဲစင်းင(အသစ်) တအိတ်ကို ၈ဝ၁ဝဝ ပေါက်ဈေးရှိပြီး  ရန်ကုန်နဲ့ပခုက္ကူကုန်စည်ဒိုင်မှာ ၈၁ဝဝ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ပဲကြီး

မန္တလေးပွဲစားကုန်သည် စက်ပိုင်အသင်းမှာ ပဲကြီးတအိတ်ကို ၁၁၅ ဝဝဝ  မှ ၁၂ဝ ဝဝဝ ပေါက်ဈေးရှိပြီး ၅ဝဝဝကျပ် ဈေးတက်လာပါတယ်။ အောင်လံကုန်စည်ဒိုင်မှာ ပဲကြီးတအိတ်ကို ၉၉ဝဝဝ မှ ၁၁၁ဝဝဝ ပေါက်ဈေးရှိပြီး ၁၅ဝဝကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ အောင်လံ ကုန်စည်ဒိုင်မှာ ၉ဝဝဝကျပ် ဈေးကွာခြားမှုရှိပါတယ်။

နှမ်းဖြူ

မန္တလေးပွဲစား ကုန်သည်စက်ပိုင်အသင်းမှာ နှမ်းဖြူတအိတ်ကို ၁၆ဝဝဝဝ   မှ ၁၇၁ဝဝဝ ပေါက်ဈေးရှိပြီး ၁ဝဝဝကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာ ၁၆၉၅ဝဝ  ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင်မှာ ၁၅ဝဝကျပ် ဈေးကွာခြားမှုရှိပါတယ်။

နှမ်းနက်စမုံ

မန္တလေးပွဲစား ကုန်သည်စက်ပိုင်အသင်းမှာ နှမ်းနက်စမုံတအိတ်ကို ၂၁ဝဝဝဝ မှ ၂၃၇ဝဝဝ ပေါက်ဈေး ရှိပြီး ၃ဝဝဝကျပ်ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာ ၁၉၅ဝဝဝ ကနေ ၂၂၂ဝဝဝ ပေါက်ဈေးရှိပြီး ၆ဝဝဝ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင်မှာ ၁၅ဝဝဝ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

စားအုန်းဆီ

မန္တလေးပွဲစား ကုန်သည်စက်ပိုင်အသင်းမှာ စားအုန်းဆီတပိဿာကို ၁၅၉ဝ ပေါက်ဈေးရှိပြီး ၃ဝကျပ် ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာ ၁၆၄ဝ မှ ၁၆၅ဝ ပေါက်ဈေးရှိပြီး ၃ဝကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင်မှာ ၆ဝ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013