DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးအတွက် မိုင် ၁၀၀၀ တကိုယ်တော်စက်ဘီးစီးသူ ဖြူးမြို့နယ်ရောက်ရှိ
DVB
·
December 27, 2018
ငြိမ်းချမ်းရေးအတွက် မိုင် ၁၀၀၀ တကိုယ်တော်စက်ဘီးစီးသူ ဖြူးမြို့နယ်ရောက်ရှိ
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံ ငြိမ်းချမ်းဆောင်ရွက်ချက်နဲ့ ၇၁ နှစ်မြောက် လွတ်လပ်ရေးနေ့/ကရင်နှစ်သစ်ကူးနေ့တို့ကို ဂုဏ်ပြုပြီး မိုင် ၁၀၀၀ တကိုယ်တော် စက်ဘီးစီးနင်းသူဟာ ဒီဇင်ဘာ ၂၇ ရက်နေ့ မနက်ပိုင်းက ဖြူးမြို့နယ်ကို ရောက်ရှိခဲ့ပါတယ်။

တကိုယ်တော်စက်ဘီးစီးသူ ဦးကြည်ဝင်းဟာ ဒီဇင်ဘာ ၂၅ ရက်နေ့မနက်ပိုင်းက ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်မှ စတင်ထွက်ခွာခဲ့တာဖြစ်ပါတယ်။ တရက် မိုင် ၁၀၀ နှုန်း စီးနင်းသွားမှာဖြစ်ပြီး တိုင်းရင်းသားဒေသတွေကို ငြိမ်းချမ်းစေချင်တဲ့ ရည်ရွယ်ချက်နဲ့ စက်ဘီးစီနေတာလို့ ဆိုပါတယ်။

"ငြိမ်းချမ်းရေးကို ထောက်ခံတာဟာ ငြိမ်းငြိမ်းချမ်းချမ်း နေစေချင်တယ်၊ တိုင်းရင်းသားဒေသတွေကိုလည်း ငြိမ်းချမ်းစေချင်တဲ့ ရည်ရွယ်ချက်ပါ" လို့ ဦးကြည်ဝင်းက ပြောပါတယ်။

အပြန်ခရီးကို မန္တလေး-ကျောက်ပန်းတောင်းဘက်မှ ပြန်ဖို့ စဉ်ထားပေမယ့် ပြီးခဲ့တဲ့နှစ်က အရက်သောက်ထားသူတွေက ရန်စတာ၊ ဆိုင်ကယ်တွေနဲ့ လိုက်ပြီး ဆီဖိုးတောင်းတာတွေ ကြုံတွေ့တာကြောင့် အခုတကြိမ် အပြန်ခရီးကို လုံခြုံရေး စိတ်ချရသော လာလမ်းအတိုင်းသာ ပြန်လည်စီးနင်းသွားမယ်လို့ ဆိုပါတယ်။

တကိုယ်တော်စက်ဘီးစီးသူ ဦးကြည်ဝင်းဟာ အသက် ၅၈ ရှိပြီဖြစ်ပြီး ၂၀၁၃ ခုနှစ်မှစတင်ကာ တကိုယ်တော်စီးနင်ခဲ့တာဖြစ်ပြီး အခုအကြိမ်က ၈ ကြိမ်မြောက်ဖြစ်ပြီး မိုင်ပေါင်း ၈၀၀၀ ထောင် စီးသွားမှာလည်း ဖြစ်ပါတယ်။

သတင်း ကျော်အောင်း(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013