DVB Logo
Home
မြန်မာသတင်း
သံမဏိနှင်းဆီအယ်ဒီတာ အသတ်ခံရမှု ပြစ်မှုကျူးလွန်သူများကို အပြီးသတ်အမိန့်ချ
DVB
·
December 27, 2018
သံမဏိနှင်းဆီအယ်ဒီတာ အသတ်ခံရမှု ပြစ်မှုကျူးလွန်သူများကို အပြီးသတ်အမိန့်ချ
Donate to DVB

သံမဏိနှင်းဆီအယ်ဒီတာ ဝေယံဟိန်း အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူတွေကို ဒီဇင်ဘာ ၂၇ ရက်က အရှေ့ပိုင်းခရိုင် တရားရုံးက အပြီးသတ် အမိန့်ချခဲ့ပါတယ်။

အောင်ကိုကို ကို ထောင်ဒဏ် အနှစ် ၂၀၊ ပြည့်သူနိုင်ကို အနှစ် ၂၀ နဲ့ မအယ်နီကို အလုပ်နှင့်ထောင်ဒဏ် ၆ လ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အမှုမှာ တရားလိုပြသက်​​သေ ၁၀ ဦးနဲ့ တရားခံပြသက်​​သေ ၇ ဦးကို စစ်​​ဆေးခဲ့တာလည်း ဖြစ်ပါတယ်။

အယ်ဒီတာ ဝေယံဟိန်းဟာ ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်နေ့က ပုဇွန်တောင်မြို့နယ်ရှိ သံမဏိနှင်းဆီဂျာနယ်တိုက်ခန်းမှာ ထိုင်းသွင်းဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာဖြစ်ပါတယ်။

ကိုဝေယံဟိန်း အသတ်ခံရမှုနဲ့ပတ်သက်လို့ အောင်​ကိုကို ကို အမြင့်ဆုံး ​သေဒဏ်​အထိချမှတ်​နိုင်​တဲ့ ရာဇသတ်​ကြီး ဥပ​ဒေပုဒ်​မ-၃၀၂(၂)(ခ)၊ ပြည့်သူနိုင်​ကို အမြင့်ဆုံး​သေဒဏ်​ချမှတ်​နိုင်​တဲ့ ရာဇသတ်​ကြီး ဥပ​ဒေပုဒ်​မ-၃၀၂(၂)၁၁၄၊ အယ်​နီ(ခ)ရိုစီကို ဇသတ်​ကြီးဥပ​ဒေပုဒ်​မ ၂၀၂  တို့နဲ့ အသီးသီး တရားစွဲဆိုထားတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013