DVB Logo
Home
မြန်မာသတင်း
မိခင်နို့တမျိုးတည်းတိုက်ကျွေးမှု ၅၁ ရာခိုင်နှုန်းကျော်သာရှိဟု ကျန်းမာရေးဝန်ကြီး ပြော
DVB
·
December 27, 2018
မိခင်နို့တမျိုးတည်းတိုက်ကျွေးမှု ၅၁ ရာခိုင်နှုန်းကျော်သာရှိဟု ကျန်းမာရေးဝန်ကြီး ပြော
Donate to DVB

မွေးစကနေ အသက် ၆ လအထိ ကလေးငယ်များကို  မိခင်နို့တမျိုးတည်း တိုက်ကျွေးခြင်းဟာ ၅၁ ဒသမ၂ ရာခိုင်နှုန်းပဲရှိတယ်လို့ ကျန်းမာရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

နေပြည်တော်မှာ ဒီဇင်ဘာ ၂၆ ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ မိခင်နို့စနစ်တကျ တိုက်ကျွေးခြင်း လုပ်ငန်းများ မြှင့်တင်ရေးဆိုင်ရာ အစည်းအဝေးမှာ ပြောခဲ့တာဖြစ်ပါတယ်။

“မြန်မာနိုင်ငံမှာ လေ့လာဆန်းစစ်မှုတွေအရ ကလေးငယ်တွေကို မွေးစကနေ အသက် ၆ လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခြင်းဟာ  ၅၁ ဒသမ၂ ရာခိုင်နှုန်းပဲရှိပြီး အသက် (၂) နှစ်အောက် ကလေးငယ်တွေမှာ သွေးအားနည်းရောဂါ ဖြစ်ပွားနေတယ်။ ဒါ့ကြောင့် ကလေးငယ်တွေကို အသက် ၆ လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးတာနဲ့ အသက် ၂ နှစ်အရွယ်အထိ ဖြည့်စွက်စာနဲ့  မိခင်နို့ စနစ်တကျ တိုက်ကျွေးခြင်းကို အားဖြည့်ဆောင်ရွက်ဖို့ဟာ အရေးကြီးပါတယ်။”
အခု လေ့လာဆန်းစစ်မှုက တွေ့ရှိချက်တွေနဲ့ အကြံပြုချက်တွေကို အခြေခံပြီး အမျိုးသား ကျန်းမာရေး စီမံကိန်းနဲ့ ကိုက်ညီတဲ့ လုပ်ငန်းစဉ်တွေ  ချမှတ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဝန်ကြီးက “မိခင်နို့စနစ်တကျ တိုက်ကျွေးခြင်းဆိုင်ရာ လုပ်ငန်းအဖွဲ့ဝင်တွေအနေနဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ အောင်မြင်မှုနဲ့ အကျိုးဖြစ်ထွန်းမှုတွေကို စောင့်ကြည့်ဆန်းစစ်မှုများ ဆက်လက်လုပ်ဆောင်ဖို့လိုတယ်။ လုပ်ငန်းဆောင်ရွက်ရာမှာ နှီးနွှယ်ဌာနဆိုင်ရာတွေ၊ အဖွဲ့အစည်းတွေ၊ INGO/ NGO တွေ၊ လူထုအခြေပြု အဖွဲ့အစည်းတွေ၊ မြန်မာနိုင်ငံ မိခင်နဲ့ ကလေး စောင့်ရှောက်ရေး အသင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားကြဖို့ လိုတယ်” လို့လည်း ပြောခဲ့ပါတယ်။

မိခင်နို့စနစ်တကျ တိုက်ကျွေးရင် ကလေးငယ်တွေမှာ အနာရောဂါကင်းဝေးပြီး ကျန်းမာတဲ့ ဘဝအစကို ပိုင်ဆိုင်ရရှိနိုင်ပါတယ်။

ဒါ့အပြင် ပုံမှန်ကိုယ်ခန္ဓာနဲ့ ဉာဏ်ရည်ကြီးထွားဖွံ့ဖြိုးမယ်၊ ကိုယ်ခံအား ကောင်းမွန်ပြီး ကူးစက်ရောဂါတွေကို ကာကွယ်နိုင်မယ်၊ အသက်ကြီးလာတဲ့အခါ အဝလွန်တာ ဆီးချိုရောဂါဖြစ်ပွားတာတွေကို လျော့နည်းစေတဲ့ အကျိုးကျေးဇူးရရှိနိုင်ပါတယ်။

အလားတူ မိခင်နို့တိုက်တဲ့  မိခင်တွေမှာလည်း သားမြတ်ကင်ဆာ၊ သားဥအိမ်ကင်ဆာနဲ့ သားအိမ်ကင်ဆာဖြစ်ပွားမှုကို လျော့နည်းနိုင်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013