DVB Logo
Home
မြန်မာသတင်း
မော်လိုက်မြို့အနီး အင်အား ၅.၀ အဆင့်ရှိ ငလျင်လှုပ်
DVB
·
December 27, 2018
မော်လိုက်မြို့အနီး အင်အား ၅.၀ အဆင့်ရှိ ငလျင်လှုပ်
Donate to DVB

ဒီဇင်ဘာ ၂၇ ရက် ဒီမနက် ၇ နာရီလောက်က စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့အနီးကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၅.၀ အဆင့်ရှိ မြေငလျင်တခု လှုပ်ရှားသွားပါတယ်။

ဒီဇင်ဘာ ၂၇ ရက် မြန်မာစံတော်ချိန် ၀၇ နာရီ ၀၅ မိနစ် ၅၀ စက္ကန့် အချိန်မှာ  တမူးမြေငလျင်စခန်းရဲ့ အရှေ့တောင်ဘက် ၅၈ မိုင်လောက် ကွာဝေးတဲ့ မော်လိုက်မြို့ အရှေ့တောင်ဘက် ၁၇ မိုင်လောက်အကွာကို ဗဟိုပြုပြီး အင်အား ရစ်ခ်ျတာစကေး ၅.၀ အဆင့်ရှိ မြေငလျင်တခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့တယ်လို့ မိုးလေ၀သဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၂၆ ရက် မနေ့ကလည်း ဂန့်ဂေါမြို့အနီးမှာ   အင်အားရစ်ခ်ျတာစကေး ၃.၉ အဆင့်ရှိ အင်အား အနည်းငယ်ရှိ  မြေငလျင်လှုပ်သွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013