DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီအစိုးရလက်ထက် မသန်စွမ်းအခွင့်အရေး ပိုမိုဆောင်ရွက်ပေးထား
DVB
·
December 26, 2018
အန်အယ်လ်ဒီအစိုးရလက်ထက် မသန်စွမ်းအခွင့်အရေး ပိုမိုဆောင်ရွက်ပေးထား
Donate to DVB

မြန်မာနိုင်ငံမှာ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး လက်ရှိအစိုးရ လက်ထက်မှာ အများကြီး ပိုမိုဆောင်ရွက်ပေးထားတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၂၆ ရက်က နေပြည်တော်မှာရှိတဲ့ မင်္ဂလာသီရိဟိုတယ်မှာ ကျင်းပတဲ့ မူဝါဒနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောခဲ့တာပါ။

မြန်မာနိုင်ငံအနေနဲ့ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းမှာ ၂၀၁၁ ဒီဇင်ဘာလက အတည်ပြု ပါဝင်လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကွန်ဗင်းရှင်းနဲ့အညီ မသန်စွမ်းသူတွေရဲ့ အခွင့်အရေး ဥပဒေကို ၂၀၁၅ ဇွန်လမှာ အတည်ပြု ပြဋ္ဌာန်းထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မသန်စွမ်းသူတွေကို အလုပ်ခန့်ထားခြင်းဆိုင်ရာ အလုပ်ရှင်တွေအတွက် လက်စွဲစာအုပ်ကိုလည်း ထုတ်ပြန်ထားနိုင်ခဲ့သလို မသန်စွမ်းသူတွေရဲ့ စွမ်းဆောင်နိုင်စွမ်းကို အဆင့်သတ်မှတ်ပေးနိုင်အောင်လည်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

မသန်စွမ်းသူတွေရဲ့ အလုပ်အကိုင် အခွင့်အရေး မြှင့်တင်ဆောင်ရွက်ပေးနိုင်မယ့် National Guidline ကိုလည်း လာမယ့်နှစ် ထိုင်းနိုင်ငံမှာ ကျင်းပမယ့် ASEAN Regional Forum မှာ မြန်မာ၊ အင်္ဂလိပ်၊ ဂျပန် သုံးဘာသာနဲ့ ဖြန့်ဝေနိုင်အောင် ဆွေးနွေးရေးဆွဲနေပါတယ်။

ကမ္ဘာမှာ လူပေါင်းသန်း ၁၀၅၀ ဟာ မသန်စွမ်းသူတွေဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပြီး မြန်မာပြည်မှာတော့ မသန်စွမ်းဦးရေ ၂ သန်းကျော်လောက်ရှိတယ်လို့ ၂၀၁၄ သန်းခေါင်စာရင်းအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013