DVB Logo
Home
မြန်မာသတင်း
ရန်ကုန် - ပုသိမ် လေကြောင်းလိုင်းသစ် စတင်ပြေးဆွဲ
DVB
·
December 26, 2018
ရန်ကုန် - ပုသိမ် လေကြောင်းလိုင်းသစ် စတင်ပြေးဆွဲ
1 / 6
Donate to DVB

ဧရာဝတီတိုင်းဒေသကြီးမှာ ခရီးသွားလုပ်ငန်း မြှင့်တင်ဖို့  ပုသိမ်မြို့နဲ့ ရန်ကုန်မြို့ကို ပြေးဆွဲပေးမယ့် လေကြောင်း ခရီးစဉ်သစ်ကို ဒီဇင်ဘာ ၂၅ ရက် ညနေပိုင်းက စတင်လိုက် ပါတယ်။

လေကြောင်းလိုင်းသစ်ကို အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး၊ စနေနေ့ စတဲ့နေ့တွေမှာ ညနေပိုင်း ၃ နာရီကနေ ၄ နာရီခွဲထိ တနေ့ကို အသွားအပြန် တခေါက် ပျံသန်းပြေးဆွဲ ပေးသွားမှာဖြစ်ပြီး မိနစ် ၄၀ ကြာမြင့်မှာ ဖြစ်ပါတယ်။

ရန်ကုန်ကနေ ပုသိမ်ခရီးစဉ်အတွက် နိုင်ငံခြားသား ခရီးသည်တစ်ဦးကို အမေရိကန် ဒေါ်လာ ၅၅ ဒေါ်လာကျသင့်မှာဖြစ်ပြီး ပုသိမ်မြို့ကနေ ရန်ကုန်မြို့ခရီးစဉ်အတွက်ကတော့ အမေရိကန် ဒေါ်လာ ၅၃ ဒေါ်လာကုန်ကျမှာပါ။

မြန်မာနိုင်ငံသားတွေကတော့ ရန်ကုန်- ပုသိမ် ခရီးစဉ် အတွက် မြန်မာကျပ် ၅၅၀၀၀ ကျပ် ဖြစ်ပြီး ပုသိမ်- ရန်ကုန် ခရီးစဉ် အတွက် မြန်မာကျပ် ၅၃၀၀၀ ကျပ် ကုန်ကျမှာ ဖြစ်တယ်လို့ International Travel Asia ကုမ္ပဏီကနေ သိရပါတယ်။

ITA ကုမ္ပဏီ ဥက္ကဋ္ဌ စီအီးအို  ရန်ဂျင်းက “ချောင်းသာ ငွေဆောင်ဒေသမှာ လှပတဲ့ ကမ်းခြေစခန်း ရှိတယ်။ ဒါကို စိတ်ဝင်စားကြတယ်၊ မြန်မာနိုင်ငံသားတွေအတွက် လေယာဉ်စီးခကို ပြည်တွင်းခရီးစဉ်တွေကို ကိုးကားပြီး သတ်မှတ်တာပါ ဈေးနှုန်းအဆင်ပြေဖို့ကိုလည်း ထပ်မံစဉ်းစားထားပါတယ်”လို့ ပြောပါတယ်။

လေကြောင်းလိုင်းသစ်ကို နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်တဲ့ မြန်မာအမျိုးသား လေကြောင်း လိုင်းနဲ့ Asia World ကုမ္ပဏီရဲ့လက်အောက်ခံ International Travel Asia Co, Ltd တို့ ပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး ပြင်သစ်နိုင်ငံထုတ် ခရီးသည် ၇၂ ဦးတင်ဆောင်နိုင်တဲ့ ATR 72-600 လေယာဉ် အမျိုးအစားနဲ့ ပြေးဆွဲပေးမှာဖြစ်တယ်လို့ သိရပါတယ်။

လေယာဉ်စတင်ပြေးဆွဲတဲ့နေ့မှာ လိုက်ပါလာတဲ့ ခရီးသည်တွေကို ဧရာဝတီတိုင်း အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်နဲ့ အစိုးရ အဖွဲ့ဝင်တွေ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ဌာနဆိုင်ရာတာဝန်ရှိသူတွေက ပုသိမ်လေဆိပ်ကနေ စောင့်ကြို နှုတ်ဆက်ခဲ့ကြပါတယ်။

 

သတင်း-ဓာတ်ပုံ မြမင်းဦး(ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013