DVB Logo
Home
မြန်မာသတင်း
တနင်္သာရီမြို့နယ်တွင် လက်နက်ခဲယမ်းများနှင့် စိတ်ကြွဆေးများဖမ်းမိ
DVB
·
December 26, 2018
တနင်္သာရီမြို့နယ်တွင် လက်နက်ခဲယမ်းများနှင့် စိတ်ကြွဆေးများဖမ်းမိ
Donate to DVB

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ မရင်းကြီးကျေးရွာမှာ လက်နက်ခဲယမ်းတွေနဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြပါတယ်။

တနင်္သာရီမြို့နယ်၊ ဆင်ခြေဖုန်း ကျေးရွာအုပ်စု၊ မရင်းကြီးကျေးရွာနေ ဝေလ(၃၇ နှစ်) ရဲ့နေအိမ်ကို မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်း အဖွဲ့က မူးယစ်ဆေးဝါး သတင်းအရ ဝင်ရောက်ရှာဖွေရာမှာ နေအိမ် အနောက်ဘက်ရှိ ဥယျာဉ်ခြံအတွင်းသို့ ထွက်ပြေး တိမ်းရှောင်သွားတယ်လို့ ဆိုပါတယ်။

နေအိမ်ကို ရှာဖွေစစ်ဆေးရာမှာ Pietro Beretta အမျိုးအစား အီတလီ နိုင်ငံလုပ် 9MM Prabellun ပစ္စတို တလက်၊ ကိုယ်ထည်တခု၊ Milo-taruspec Combat Pistol စာတန်း ပါ ပစ္စတိုဒင်တခု၊ လက်လုပ်မောင်းတုံးတခု၊ လက်လုပ်မောင်းပြန် စပရိန်ပါ တခု၊ လက်လုပ်ကျည်အိမ်တခု၊ ပွိုင့် ၃ဝ မမ ကာဘိုင်ကျည် တတောင့် (ကောင်း)၊ ခြောက်တောင့်(မကောင်း)၊ ပွိုင့် ၃ဝ မမ ကာဘိုင်ကျည်ကို ပြုပြင်ထားတဲ့ ကျည်ဆန် ၁ဝ တောင့် သိမ်းဆည်းရမိခဲ့ပါတယ်။

ဒါ့အပြင် ငွေစက္ကူရော ၁၇ သိန်း၊ ZTE ဖုန်း တလုံး၊ ဆေးရှူရာမှာသုံးတဲ့ ပစ္စည်းအပါအ၀င်  စိတ်ကြွရူးသွပ်ဆေးပြား ၈ဝ ( အလေးချိန် ဝ ဒသမ ဝဝ၈ ကီလိုဂရမ်ခန့်)တို့ကို တွေ့ရှိ သိမ်းဆည်း ရမိခဲ့ပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး ရဲအုပ်ကျော်ဝင်းက ရှာဖွေပုံစံနဲ့ သိမ်းဆည်းခဲ့ကာ ဥပဒေအရ အမှုဖွင့် စစ်ဆေးနေတယ်လို့ အစိုးရသတင်းစာမှာ ဖော်ပြပါတယ်။

ဓာတ်ပုံ- မြန်မာ့အလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013