DVB Logo
Home
မြန်မာသတင်း
မောင်တောတွင် ကျပ်သိန်းပေါင်း ၉၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းဆီးရမိ
DVB
·
December 25, 2018
မောင်တောတွင် ကျပ်သိန်းပေါင်း ၉၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းဆီးရမိ
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ငွေကျပ်သိန်း ၉၀၀၀ ကျော်တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၂၄ ရက် ညပိုင်းက နယ်ခြားစောင့်ရဲတပ်ဖွဲ့တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ မောင်တောမြို့နယ်၊ ပိုက်ဆိပ်ရွာနားက မကျီးချောင်း ချောင်းထဲမှာ ဟူဆောင်းနာမွတ်၊ အဒူရာမွတ်၊ နိုဟုသနဲ့ မာမွတ်အာယုပ် တို့လှော်ခတ်လာတဲ့ သစ်သားလှေကို စစ်ဆေးရှာဖွေရာမှာ မူးယစ် ဆေးဝါးတွေတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

လှေပေါ်မှာပါတဲ့ အိတ်ထဲက ကာလတန်ဖိုးကျပ်သိန်း ၉၃၀၁ရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၄၆၅,၅၀၀ ပြားနဲ့ လက်ကိုင် ဖုန်းနှစ်လုံးတို့ကို  သိမ်းဆည်းရမိခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် သူတို့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့ ရဲတပ်ဖွဲ့က ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013