DVB Logo
Home
မြန်မာသတင်း
၈ နှစ်အရွယ် မိန်းကလေးငယ်ကို မုဒိမ်းပြုကျင့်ခဲ့သည့်တရားခံ ဖမ်းမမိသေး
DVB
·
December 25, 2018
၈ နှစ်အရွယ် မိန်းကလေးငယ်ကို မုဒိမ်းပြုကျင့်ခဲ့သည့်တရားခံ ဖမ်းမမိသေး
Donate to DVB

မန္တလေးတိုင်း​ဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် (ဈ) ရပ်ကွက်မှာ​နေတဲ့ အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်ကို မုဒိမ်းပြုကျင့်ခဲ့တဲ့တရားခံကိုတွေ့ရှိပါက သတင်းပေးဖို့ တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၁၄ ရက် နေ့လယ်ပိုင်းက အသက်၈နှစ် အရွယ်မိန်းကလေးငယ်ဟာ နေအိမ်က​နေ စက်ဘီးနဲ့ ထွက်သွားရာက​ ၄၇ လမ်းနဲY ၄၈ လမ်းကြား တပင်ရွှေထီးလမ်းနဲ့ မက္ခရာလမ်းကြားမှာ အမည်မသိ အမျိုးသားတဦးက​ ဆိုင်ကယ်နဲ့တင်ခေါ်သွားတယ်​လို့ CCTV မှတ်တမ်း​အရ စစ်​​ဆေး သိရှိခဲ့တာပါ။

မိန်းကလေးငယ်​ရဲ့ ဖခင်ဖြစ်​သူက သက်ဆိုင်ရာ အပိုင်ရဲစခန်းမှာ လူပျောက်ကြော်ငြာ အမှတ်စဉ် (၈/၂၀၁၈)နဲ့  လူပျောက်တိုင်တန်းခဲ့ပါတယ်​။

ဒီနောက် ပျောက်ဆုံးသွားတဲ့ကလေးငယ်ကို ပြင်ဦးလွင်မြို့နယ် ပြင်စာရဲစခန်းပိုင်​နယ်​​မြေမှာ အဝတ်ဗလာနဲ့ သတိလစ်မေ့မြောနေတာကို တွေ့ရှိခဲ့ပြီး မိန်ကလေးငယ်မှာ မုဒိမ်းပြုကျင့်ခံခဲ့ရတာ လို့ စစ်ဆေးတွေ့ရှိခဲ့ပါတယ်​။

ပြင်ဦးလွင်မြို့နယ် ပြင်စာရဲစခန်းက စခန်းမှူးဝင်းဗိုလ်​က ​“တရားခံကတော့ မဖမ်းမိသေးဘူး။ တရားခံ ဘယ်သူဘယ်ဝါဆိုတာကတော့ သိနေပြီ။ ဖမ်းမိဖို့တော့ စုံစမ်းနေဆဲပါ။ အများပြည်သူ အနေနဲ့ တရားခံကို တွေ့ရင် အကြောင်းကြား​ပေး​စေချင်​တယ်”​လို့ ပြောပါတယ်​။

မိန်းက​လေးငယ်​ကို ကျူးလွန်ခဲ့သူ သီဟနိုင် (ခ) အငယ်လေးကို ပြင်ဦးလွင်မြို့နယ် ပြင်စာ ရဲစခန်းက (ပ) ၁၈၂/၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၆၃/၃၇၆/၃၂၅ နဲ့ အမှုဖွင့် အ​ရေးယူ ထားပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013