DVB Logo
Home
မြန်မာသတင်း
စစ်ဘေးရှောင် ပြည်သူများအတွက် ရခိုင်ကျောင်းသားသမဂ္ဂ အလှူငွေကောက်ခံ
DVB
·
December 25, 2018
စစ်ဘေးရှောင် ပြည်သူများအတွက် ရခိုင်ကျောင်းသားသမဂ္ဂ အလှူငွေကောက်ခံ
1 / 7
Donate to DVB

စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ဒုက္ခသည်ကို ကူညီနိုင်ဖို့ ရခိုင်ပြည် ကျောင်းသားသမဂ္ဂက ဦးဆောင်ပြီး နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ စစ်တွေတက္ကသိုလ်တို့ ပူးပေါင်းကာ ဒီကနေ့ စစ်တွေမြို့ပေါ် အလှူငွေ ကောက်ခံနေပါတယ်။

စစ်တွေမြို့ပေါ်မှာတော့ ကျောင်းသူ/သား ၁၀၀ ကျော်လာက်လှည့်လည်အလှူခံနေကြ သလို ကျောက်ဖြူ ပညာရေးကော်လိပ်၊ ကျောက်ဖြူ GTI နဲ့ သံတွဲ GTI တို့ကလည်း မြို့အသီးသီးတို့မှာ စစ်ဘေးရှောင်ပြည်သူတွေအတွက် ဒီကနေ့ စတင်အလှူငွေ ကောက်ခံနေကြပါတယ်။

စစ်ဘေးရှောင်တွေအတွက် အဝတ်အထည်၊ စားစာရာ၊ ဆန်၊ ဆီး၊ ဆား၊ ငရုတ်၊ ဘယ်လိုပစ္စည်းအဆိုအလှူခံ လက်ခံတာဖြစ်ပြီး ဒီကကောက်ခံလို့ရလာတဲ့ငွေကို ဒုက္ခရောက် နေတဲ့ စစ်ဘေးရှောင်တွေအတွက် ဆန်၊ ဆီး၊ ဆား၊ ငရုတ် စတာတွေကို သွားရောက်ပေးပို့ သွားမယ်လို့ ကျောင်းသားသမဂ္ဂအဖွဲ့က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ) တို့အကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဒီဇင်ဘာ ၈ ရက်ကစပြီး လူဦးရေ ၂,ဝဝဝ နီးပါး နေရပ်စွန့်ခွာ စစ်ဘေး တိမ်းရှောင်ခဲ့ရတယ်လို့ ကုလသမဂ္ဂနဲ့ အကူအညီပေးရေး အဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။


ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013