DVB Logo
Home
မြန်မာသတင်း
အငြိမ်းစား ကျောင်းဆရာ ၁ ဦး ဘောလုံးပွဲကြည့်နေစဉ် သေနတ်ပစ်ခံရ၍ သေဆုံး
DVB
·
December 25, 2018
အငြိမ်းစား ကျောင်းဆရာ ၁ ဦး ဘောလုံးပွဲကြည့်နေစဉ် သေနတ်ပစ်ခံရ၍ သေဆုံး
Donate to DVB

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကြာအင်းတောင်ကျေးရွာမှာ အငြိမ်းစား မူလတန်းကျောင်းဆရာတဦး သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားတယ်လို့ ကြာအမ်းတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးက ဒီဗွီဘီကို ပြောပါတယ်။

ရန်ကုန်-စစ်တွေ-ကားလမ်းမကြီးပေါ်ရှိ ကြာအင်းတောင်ကျေးရွာနေအိမ်မှာ ဒီဇင်ဘာ ၂၄ ရက်ညက  ဘောလုံးပွဲကြည့်နေစဉ် သေနတ်နဲ့ အပစ်ခံရတာလို့ အုပ်ချုပ်ရေးမှူး ဦးမောင်ခင်ရွှေက ပြောပါတယ်။

“မနေ့က ည ၉ နာရီလောက်မှာ သူ့ရဲ့နေအိမ်မှာ ဘောလုံးပွဲကြည့်နေချိန်မှာ သေနတ်နဲ့ အပစ်ခံရတာပါခင်ဗျ။ ကျနော်တို့သွားတဲ့အချိန်မှာတော့ ၁၀ နာရီရှိပြီ။ အဲ့ဒီမှာ သေဆုံးသွားသူရဲ့ ယာနားထင်ကနေ လက်ဝဲနားထင်မှာ ဖောက်သွားတယ်။ သေနတ်ကျည်ဆန်တချက်တည်း ပစ်သွားတာပါ။ အခင်းဖြစ်တဲ့နေရာမှာသေဆုံး သွားပါတယ်။”လို့ ပြောပါတယ်။

ဘယ်သူက ဘာကြောင့် လုပ်ကြံသတ်ဖြတ်သွားတယ်ဆိုတာ ပြောဖို့ခက်ခဲပြီး သေနတ်နဲ့ ပစ်သတ်ခဲ့ သူဟာ စနစ်တကျ လုပ်ကြံသတ်ဖြတ်ခဲ့တာလို့ ကြာအမ်းတောင် အုပ်ချုပ်ရေးမှူးက ခန့်မှန်းပြောပါတယ်။

သေဆုံးသွားသူရဲ့ ဇနီးဖြစ်သူက ဒေါ်မသန်းရီကတော့ ကြာအမ်းတောင်ကျေးရွာအနီးက ဘိုးဘွားရိပ်သာဖွင့်ပွဲနဲ့ ဇာတ်ပွဲသွားကြည့်လို့အပြန်မှာ နေအိမ်မှာ ခင်ပွန်းဖြစ်သူ သေနတ်ဒဏ်ရာနဲ့ သေဆုံး နေတာတွေ့ရတယ်လို့ ဒီဗွီဘီကိုပြောပါတယ်။

“အစ်မတို့မိသားစုအားလုံး ရွာနားက မနေ့ညနေ ဘိုးဘွားရိပ်သာဖွင့်တဲ့ပွဲကို သွားပါတယ်။ အစ်မယောက်ျား တယောက်တည်းသာအိမ်မှာ ကျန်ခဲ့တာ။ အစ်မတို့ပြန်လာတဲ့အချိန်မှာ မီးစက် မပိတ်ဘဲ အိပ်နေသလားလို့ သွားကြည့်တဲ့အခါ ဒီအတိုင်းထိုင်ခုံလေးမှာ ရီမုလေးကို ကိုင်ပြီး သေဆုံးနေတာကိုတွေ့ရတယ်။ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာပါ။”

သေဆုံးသွားသူဟာ ကြာအင်းတောင်ကျေးရွာက ဦးခင်သန်းမောင် အသက် ၅၇ နှစ်ဖြစ်ပြီး သူ့ရဲ့ရုပ်အလောင်းကို အခင်းဖြစ်တဲ့ညမှာ မင်းပြားပြည်သူ့ဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ထားပါတယ်။

သေဆုံးသွားသူရဲ့ဇနီး ဒေါ်မသန်းရီက “ကျည်ဆန်က တချက်တည်းပစ်သွားတာ။ နားထင်ကနေ ပစ်သွားတာတာပါ။ ဘယ်က လာပစ်တယ်ဆိုတာလည်း အစ်မတို့ မသိဘူး။ လောလောဆယ် သံယဖြစ်ဖွယ်ရာပြောဖို့ ခတ်တယ်။ အရိပ်အယောင်ကိုလည်း မတွေ့ဘူး” လို့ ပြောပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့ မြေပုံမြို့မရဲစခန်းကို ဒီဗွီဘီက ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။  

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013