DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
December 24, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲတအိတ်ကို ၇၈၅၀၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ မတ်ပဲတအိတ်ကို ၆၈၀၀၀ ကနေ ၇၅၀၀၀ အထိ ပေါက်ဈေးရှိပြီး ၅၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၃၅၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ပဲစင်းငုံ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံတအိတ်ကို ၇၅၆၀၀ ပေါက်ဈေးရှိပြီး ၄၀၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာ ပဲစင်းငုံတအိတ်ကို ၇၅၉၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ ပခုက္ကူကုန်စည်ဒိုင် ၃၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ပဲတီစိမ်း

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲတီစိမ်းတအိတ်ကို ၉၀၀၀၀ ကနေ ၁၁၂၀၀၀  ပေါက်ဈေးရှိပြီး ၆၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ အောင်လံကုန်စည်ဒိုင်မှာ ပဲတီစိမ်းတအိတ်ကို ၁၀၉၅၀၀ ပေါက်ဈေးရှိပြီး ၄၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ အောင်လံကုန်စည်ဒိုင် ၂၅၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ပဲထောပတ်

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲထောပတ်တအိတ်ကို ၁၃၀၀၀၀ ကနေ ၁၄၀၀၀၀ အထိ ပေါက်ဈေးရှိပြီး ၅၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မကွေးကုန်စည်ဒိုင်မှာ ၁၃၅၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မကွေးကုန်စည်ဒိုင် ၅၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

နှမ်းနက်စမုံ

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းနက်စမုံ တအိတ်ကို ၂၁၅၀၀၀ ကနေ ၂၃၅၀၀၀ အထိ ပေါက်ဈေးရှိပြီး ၅၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မကွေးကုန်စည်ဒိုင်မှာ ၂၂၅၀၀၀ ကနေ ၂၂၆၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မကွေးကုန်စည်ဒိုင် ၉၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

စီပီပြောင်း

လားရှိုးကုန်စည်ဒိုင်မှာ စီပီပြောင်းတအိတ်ကို ၄၀၀ ကနေ ၅၅၂ အထိ ပေါက်ဈေးရှိပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာ ၄၂၀ ကနေ ၄၃၀ အထိ ပေါက်ဈေးရှိပါတယ်။ လားရှိုးနဲ့ မြင်းခြံကုန်စည်ဒိုင် ၁၂၂ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013