DVB Logo
Home
မြန်မာသတင်း
မြေနုကျွန်းပြဿနာ အမြန်ဆုံးဖြေရှင်းပေးရန် တောင်သာမြို့တွင်ဆန္ဒပြ
DVB
·
December 24, 2018
မြေနုကျွန်းပြဿနာ အမြန်ဆုံးဖြေရှင်းပေးရန် တောင်သာမြို့တွင်ဆန္ဒပြ
Donate to DVB

ဧရာဝတီမြစ်အတွင်းက မြေနုကျွန်း ခွဲဝေမှုပြဿနာနဲ့ပတ်သက်ပြီး  သက်ဆိုင်ရာက အမြန်ဆုံးဖြေရှင်းပေး​ဖို့ ဒီကနေ့မနက် မန္တလေးတိုင်း၊ တောင်​သာမြို့်​မှာ ဒေသခံတောင်သူ ၅၀ လောက်က ဆန္ဒပြ တောင်းဆိုကြပါတယ်။

တောင်သာမြို့နယ် ဖက်တောကျေးရွာအနီး ဧရာဝတီမြစ်ထဲက လက်ရှိမြေနုကျွန်းကို တောင်သူတွေကို မဲဖေါက်ပေးထားပေမယ့် ဒီမြေနုကျွန်းပေါ်မှာ ကျူးကျော်စိုက်ပျိုးသူတွေ ရှိနေတာကြောင့်  ကြက်သွန်စိုက်ပျိုးချိန်အမှီ ဖြေရှင်းပေးဖို့ တောင်းဆို ကြတာပါ။

ဥပဒေနဲ့အညီ လုပ်ပိုင်ခွင့်ရှိသူ​တွေကို မနစ်နာစေရေး ဒို့အရေး၊ ဥပဒေမဲ့လုပ်ဆောင်နေမှုများ အလိုမရှိ၊ ကြက်သွန်စိုက်ပျိုးချိန်အမီ ပြဿနာဖြေရှင်းပေးရေး ဒို့အရေး၊ တရားဥပဒေစိုးမိုးရေး ဒို့အရေး စတဲ့ကြွေးကြော်သံတွေနဲ့ မြို့တွင်းလှည့်လည် ချီတက်လမ်းလျှောက်ဆန္ဒပြ​ကြတာပါ။

ဆန္ဒပြတောင်သူ ဦးကျော်ဌေး​က “တောင်သူ တထောင်လောက်ကို သတ်မှတ်စံကွက်တွေနဲ့ ချထားပေးတယ်​။ ဒါကို အရင်ကလူတစုက ဗိုလ်ကျစိုးမိုးပြီး လုပ်ကိုင်ခဲ့တဲ့သူတွေရှိနေတော့ သူတို့က ဒီလိုအညီအမျှ ခွဲပေးတာ လက်မခံဘူးဖြစ်နေတယ်။ ဒါကို သက်ဆိုင်ရာကနေ ဖြေရှင်းပေးဖို့ အခုလို တောင်းဆိုရတာ”လို့ ပြောပါတယ်။

မြေနုကျွန်း စိုက်ပျိုးမြေတွေပေါ်မှာ တနှစ်တရာသီစာသာ စိုက်ပျိုးချိန်​ ရှိတာ​ကြောင့် စိုက်ခွင့်မရသေးတဲ့တောင်သူအများစုအ​နေနဲ့ ၀င်ငွေမရှိလို့ စားဝတ်နေရေးအခက်အခဲနဲ့ ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာ​ရေး အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့လည်း ဆိုပါတယ်။

ဒီပြဿနာနဲ့ ပတ်သက်ပြီး သက်​ဆိုင်​ရာ လယ်​ယာ​မြေစီမံခန့်​ခွဲမှု ကော်​မတီ ဥက္ကဋ္ဌ ဦး​ဝေလင်းထွန်းကို ဆက်​သွယ်​​မေးမြန်းရာမှာ  ဖြေကြားနိုင်​ခြင်းမရှိ​ကြောင်း​ပြောဆိုခဲ့ပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013