DVB Logo
Home
မြန်မာသတင်း
ရိုက်တာသတင်းထောက် ၂ ဦး၏အယူခံတင်သွင်းမှု ကြားနာစစ်ဆေး
DVB
·
December 24, 2018
ရိုက်တာသတင်းထောက် ၂ ဦး၏အယူခံတင်သွင်းမှု ကြားနာစစ်ဆေး
Donate to DVB

နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ်ချမှတ်ခံထားရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့အမှုကို ဒီကနေ့ ရန်ကုန်တိုင်းတရားလွှတ်တော်မှာ  နှစ်ဖက် အပြန်အလှန် ကြားနာပါတယ်။

သတင်းထောက် နှစ်ဦးကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ် ၃ ၊ ၁ ၊ (ဂ) နဲ့ ထောင် (၇) နှစ်ပြစ်ဒဏ် မူလ ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးမှာ စက်တင်ဘာ ၃ရက်က ချမှတ်ခဲ့လို့ တိုင်းတရားရုံးမှာ အယူခံဝင်ထားတာ ဖြစ်ပါတယ်။

ရိုက်တာသတင်းထောက်တွေဟာ အဲဒီပုဒ်မရဲ့ ဖွင့်ဆိုချက်တွေနဲ့ ငြိစွန်းတဲ့ စစ်ဆေးတွေ့ ရှိချက်တွေ မတွေ့ခဲ့ရဘူးလို့  တရားသေလွှတ်ပေးဖို့ ရှေ့နေ ဦးအယ်ခွန်ရိန်ပန်က တိုင်းတရားခွင်ထဲ မှာ တင်ပြခဲ့ပါတယ်။

“ဒီအမှုရဲ့အမှန်တရားဟာ ထောင်ချောက်ဆင်ဖမ်းဆီးခဲ့တဲ့အမှု ဖြစ်တယ်။ တရားလိုတွေ ဘက်က သတင်းအချက်အလက်တွေ ထိန်ချန်ပြီး လိုရာလေးတွေပဲ ကွက်ပြီး တင်ပြခဲ့တာတွေကို သုံးသပ်ပြီး ပြစ်ဒဏ်ပေးခဲ့တယ်။”လို့ ရှေ့နေ ဦးအယ်ခွန်ရိန်ပန်က ပြောပါတယ်။

ဒါပေမယ့် ဥပဒေချုပ်ရုံးရဲ့ ရှေ့နေကတော့ ရိုက်တာသတင်းထောက်တွေကို ထောင်ဒဏ် (၇) နှစ် ချမှတ်ခဲ့တာဟာ ဥပဒေအရ မှန်ကန်ခဲ့တာကြောင့် အယူခံကို ပလပ်ပေးဖို့ တိုင်းတရားသူကြီး ဦးအောင်နိုင် ဆီကို ပြန်လည်တင်ပြခဲ့ပါတယ်။

အဲဒီအယူခံတင်သွင်းမှုနဲ့ ပတ်သက်တဲ့ အမိန့်ကိုတော့ နောက်လလောက်မှ ချမှတ်နိုင်ဖွယ် ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013