DVB Logo
Home
မြန်မာသတင်း
သားစဉ်မြေးဆက် ၀င်ငွေရှာပေးနေတဲ့ မင်းကန်​​ရွာက သနပ်ခါးကျောက်​ပျဉ်လုပ်​ငန်း
DVB
·
December 24, 2018
သားစဉ်မြေးဆက် ၀င်ငွေရှာပေးနေတဲ့ မင်းကန်​​ရွာက သနပ်ခါးကျောက်​ပျဉ်လုပ်​ငန်း
Donate to DVB

မ​ကွေးတိုင်း​၊​ ချောက်​မြို့နယ်​၊ ဂွေချို​တောင်​တန်း အ​ရှေ့ဘက်​မှာရှိတဲ့ မင်းကန်​​ကျေးရွာဟာ ​ဒေသထွက်​ ကျောက်​ပျဉ်၊ ​ကျောက်​ငရုတ်ဆုံ စတဲ့ ကျောက်​ကနေထွက်​တဲ့ လက်မှု ပစ္စည်းမျိုးစုံကို ရွာလုံးကျွတ်​ နီးပါးလုပ်​ကိုင် အသက်မွေးနေတဲ့ ကျေးရွာဖြစ်ပါတယ်။

ကျောက်​နဲ့ပတ်​သက်​ရင်​​တော့ ဒီရွာကို လာအပ်​ရင်​ ဘယ်​အရာမဆို အကုန်​လုပ်​​ပေးတယ်လို့ ကျေးရွာအုပ်​စု အုပ်​ချုပ်​​ရေးမှူး ဦးမင်း​အောင်​က ဒီဗွီဘီကို​ပြောပါတယ်​။

“ဒီလုပ်​ငန်းက သားစဉ်​​မြေးဆက်၊ ဘိုးဘွားအစဉ်​အဆက်​က​ နေလုပ်​လာခဲ့တာ ဒီ​နေ့အထိပဲ​ပေါ့၊ ကျနော်​တို့ရွာကထွက်​တဲ့ သနပ်​ခါး​ကျောက်​ပျဉ်​နဲ့ ​ကျောက်​ငရုတ်ဆုံအထိက ထားလုပ်​သလိုကျန်​တဲ့ အခင်း​ကျောက်​ပြားတို့ နံကပ်​​ကျောက်​ပြားတို့က​တော့ ​အော်​ဒါမှာတဲ့ လူ​ရှိရင်​ လုပ်​​ပေးတယ်​။ ​ကျောက်​နဲ့ ပတ်​သက်​တဲ့ ပစ္စည်းမှန်​သမျှ အကုန်​လုပ်​နိုင်​တယ်​။ ဘုရားဆင်းတုတော်​ကအစ ​ကျောက်​မီးအိမ်​ အထူးအဆန်း​တွေမှာမယ်​ဆိုလည်း ​ကျောက်​နဲ့ ပတ်​သက်​ရင်​​တော့ ဒီရွာကို လာအပ်​ရင်​ ဘယ်​ဟာမဆို အကုန်​လုပ်​​ပေးနိုင်​တယ်​။”

ကျောက်လုပ်​ငန်းကို အ​ခြေပြုလုပ်​ရတဲ့အတွက်​ ရွာသားတွေဟာ ပုံမှန်ဝင်ငွေရပြီး အဆင်ပြေကြသလို  တ​ခြားနယ်​​တွေကို သွားပြီး အလုပ်မလုပ်ကြဘူးလို့လည်း ဆိုပါတယ်။

ဂွေးချို တောင်​တန်း(ခင်​ကြီးစဉ်​)​တောင်​က ရရှိတဲ့ သဲ​ကျောက်​ကို အဓိကကုန်ကြမ်း အဖြစ်အသုံးပြုပြီး လက်မှုပစ္စည်းတွေ ထုတ်လုပ်ကြကာ မိုးသည်းထန်​တဲ့ အချိန်​လွဲလို့ ကျန်​တဲ့ ၁၂ရာသီလုံး လုပ်​ကိုင်​ကြသလို မြန်​မာပြည်​အနှံကိုလည်း တင်​ပို့ကြရတယ်​လို့ ဆိုပါတယ်​။

ကုန်ကြမ်းရဖို့ ရွာသားတွေဟာ ​မိသားစု​လိုက် တောင်​​ပေါ်မှာသွားရောက် ကျောက်တူး ကြတာဖြစ်ပြီး တ​​နေ့ကို ကျပ် ၇၀၀၀ လောက်ရရှိပြီး ပစ္စည်းကိရိယာနဲ့ မီး​သွေးဖိုးက တနေ့​ ကျပ် ၂၀၀၀ နှုန်း​လောက်​ ပြန်​ကုန်​​တယ်လို့ သိရပါတယ်။

မင်းကန်​​ကျေးရွာက ​သဲ​ကျောက်​လုပ်​ငန်းလုပ်​ကိုင်​သူ ဦး​အေးလွင်​ က “​ကျောက်​ကို တွင်းကြီး​တွေထဲက တူးယူကြရပြီး အခုဆိုတွင်း​တွေက ​တော်​​တော်​နက်​​နေပြီ၊ ဓာတ်​မီး​ထိုးပြီး လုပ်​ရတာ၊ အပြင်​ဘက်​​တွေကြ​တော့ ​ကျောက်​သားကမ​ကောင်းဘူး။ ​ကောင်းတဲ့​ကျောက်​သား လိုချင်​​တော့ တွင်းထဲမှာလုပ်​ရတာ။ အခု​တော့ ​ကိုယ့်နားက မလွယ်​​တော့လို့ ​ဂွေးပင်​ဘက်​က ခင်​ကြီးစဉ်​ တောင်​အထိ သွားလုပ်​ရတယ်​။ အဲဒီမှာ​တော့ ​ကျောက်​​ပေါတာ​ပေါ့။ တချို့တွင်း ​တွေဆို ပြိုကုန်​လို့ ဝင်​မရ​တော့ဘူး။ ​”လို့ ရှင်းပြပါတယ်​။

မင်းကန်ရွာမှာ အိမ်​​ခြေ ၁၂၅ အိမ်​ရှိပြီး အများစုက ​သနပ်ခါး​ကျောက်​ပျဉ်​၊ ကျောက်​ငရုတ်​ဆုံ၊​ ကျောက်​မီးဖို၊ ​ကျောက်​မီးအိမ်​၊  အခင်း​ကျောက်​၊ နံကပ်​​ကျောက်​ စသဖြင့်​ပြုလုပ်​ ရောင်းချကြပြီး အခင်း​ကျောက်​နဲ့ နံကပ်​​ကျောက်​ကို​တော့ ပုဂံ​ညောင်​ဦးဘက်​က ပိုပြီးအသုံးများတယ်​လို့ သိရပါတယ်​။

ကိုလင်း(​ချောက်​)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013