DVB Logo
Home
မြန်မာသတင်း
ဘိုကလေးဈေးလမ်းရှိ ချင်းရိုးရာအထည်ဆိုင်ကို ဒေါ်အောင်ဆန်းစုကြည် လာရောက်အားပေး
DVB
·
December 24, 2018
ဘိုကလေးဈေးလမ်းရှိ ချင်းရိုးရာအထည်ဆိုင်ကို ဒေါ်အောင်ဆန်းစုကြည် လာရောက်အားပေး
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်မြို့၊ ဗိုလ်တထောင် မြို့နယ်၊ ဘိုကလေးဈေးလမ်းရှိ စုမ်းတူ(ချင်းရိုးရာ)အထည်ဆိုင်ကို ဒီမနက် လာရောက်ပြီး ရိုးရာ အ၀တ်အထည်တွေ လာရောက်အားပေး ၀ယ်ယူသွားပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဒီဇင်ဘာ ၂၄ ရက်မနက်ပိုင်းက ဒလမြို့နယ်မှာ ပြုလုပ်တဲ့ မြန်မာ-ကိုရီးယား ဒလတံတား ပန္နက်ရိုက်အခမ်းအနား တက်ရောက်အပြီးမှာ  ဘိုကလေးဈေးလမ်း ရှိ အထည်ဆိုင်ကို လာရောက်ခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည် ဘိုကလေးဈေးလမ်းကို ရုတ်တရက်လာရောက် အ၀တ်အစား ၀ယ်ယူခဲ့တာကြောင့် ပတ်ဝန်းကျင်က ပြည်သူတွေအံ့အားသင့်ခဲ့ရပြီး ပြည်သူအများအပြား လာရောက်ကြိုဆိုခဲ့ကြပါတယ်။

စုမ်းတူ(ချင်းရိုးရာ)ဆိုင်ရဲ့ စီမံခန့်ခွဲမှုမန်နေဂျာ မိုင်းနီနီအောင်က “အန်တီနဲ့ ကျမတို့ နေပြည်တော်မှာ တွေ့တယ်၊ တွေ့တော့ စာစည်းကြိုးနဲ့ ပတ်သက်တဲ့ ပြခန်းအဲဒီမှာ ပြသခဲ့တယ်။ စာစည်းကြိုးနည်းပညာ၊ ဒီဘေထုပ်ကြိုး နည်းပညာကို ကျမတို့က နေပြည်တော်မှာ ပြသတဲ့အခါမှာ အန်တီက စိတ်ဝင်တစားနဲ့ လာကြည့်ပြီးတော့ အန်တီ လာလည်မယ်လို့ ပြောခဲ့တယ်။ လာလည်မယ်ပြောတော့ ဒီလိုပဲ ပြောပြီး ပြီးသွားမယ်လို့ ထင်တာပေါ့။ ဒါပေမယ့် အန်တီက လာမယ်ဆိုတော့ အစ်မတို့ အတိုင်းမသိ ဂုဏ်ယူတယ်၊ ၀မ်းမြောက်တယ် အိပ်လို့တောင် မပျော်ဘူး အမတို့တွေ အကုန်လုံး”လို့ ပြောပါတယ်။

ဆိုင်အပြင်ဘက်ကစောင့်ဆိုင်းနေတဲ့ပြည်သူတွေကို ဒေါ်အောင်ဆန်းစုကြည်က နှစ်သစ်ကူး နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အထည်ဆိုင်မှာ ၂ နာရီ နီးပါးကြာမြင့်ခဲ့ပြီး မြန်မာ့ရိုးရာ လက်မှုအ၀တ်အထည်တွေကို ထိန်းသိမ်းကာ တိုးတက်အောင် ပြုလုပ်ဖို့ မှာကြားသွားတယ်လို့ ချင်းရိုးရာ အထည်ဆိုင်ပိုင်ရှင် မိုင်းနီနီအောင်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013