DVB Logo
Home
မြန်မာသတင်း
မြေယာဥပဒေကို အားလုံးပါဝင်ဆွေးနွေးရန် ကေအန်ယူတိုက်တွန်း
DVB
·
December 24, 2018
မြေယာဥပဒေကို အားလုံးပါဝင်ဆွေးနွေးရန် ကေအန်ယူတိုက်တွန်း
Donate to DVB

အစိုးရက နှစ်ဦးနှစ်ဖက်ယုံကြည်မှုနဲ့ ငြိမ်းချမ်းရေးတကယ်လိုလားမယ်ဆိုရင် အားလုံး ပါဝင်တဲ့ မြေယာဥပဒေကို ဆွေးနွေးဖို့ လိုတယ်လို့ ကေအန်ယူ(ဗဟို) လယ်ယာစိုက်ပျိုးရေး ဌာနမှူး ပဒိုစောနေသဘလေးက ပြောပါတယ်။

မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်း စီမံခန့်ခွဲ့ရေး ဥပဒေကို အစိုးရက ပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့အပေါ် ဒီဇင်ဘာ ၂၀ ရက်က ဖာပွန်ခရိုင်၊ လူသောမြို့နယ်၊ ဒေ့ပူနိုကျေးရွာမှာ ပြုလုပ်တဲ့ သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်ဖွင့်ပွဲ အခမ်းအနားမှာ ဒီဗွီဘီကို ပြောကြားခဲ့တာပါ။

ကေအန်ယူ လယ်ယာစိုက်ပျိုးရေးဌာနမှူး ပဒို စောနေသဘလေးက “ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပြန်ကြည့်မယ်ဆိုရင်တော့ နှစ်ဦးနှစ်ဖက် စိတ်ချထားရတဲ့ထိ ရှိဖို့လိုတယ်။ နှစ်ဦးနှစ်ဖက်လည်း ယုံကြည်မှုတို့ ငြိမ်းချမ်းရေး တကယ်လိုလားမယ်ဆိုရင် အားလုံးပါဝင် ဆွေးနွေးဖို့လိုတယ်”လို့ ပြောပါတယ်။

ကရင်ပြည်နယ်၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ၊ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ၊ အရပ်သားကိုယ်စားလှယ် ဦးစောဘိုးနီကတော့ နှစ်ဖက်စလုံး ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်း လိုက်လို့ရှိရင်တော့ အခက်အခဲ နည်းမယ်လို့ ပြောပါတယ်။

အစိုးရကမြေယာနဲ့ သက်ဆိုင်တဲ့ ဥပဒေအတည်ပြုပြဋ္ဌာန်းလိုက်တဲ့အပေါ် ကေအန်ယူဗဟို က ဒီဇင်ဘာ ၁၅ ရက်မှာ သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ  မြေယာနဲ့ စပ်လျဉ်းတဲ့ ကရင် တမျိုးသားလုံးရဲ့ အမြင်သဘောထားနဲ့ စုစည်းချက်တွေကို နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲမှ အဖြေရှာဖို့၊ ပြည်ထောင်စုအစိုးရက လက်တလော ပြင်ဆင်လိုက်တဲ့ မြေယာဥပဒေဟာ ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေး၊ လူအခွင့်အရေးစံချိန်စံနှုန်းတွေကို အလေးထားခြင်း မရှိသလို အနာဂတ် ဖက်ဒရယ်ကို ပြည်ထောင်စုတည်ဆောက်ရေးနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်စေတယ်လို့ ဖော်ပြထားပါတယ်။

ကေအန်ယူ တပ်မဟာ ၅ ဌာနချုပ်၊ မူတြော်(ဖာပွန်)ခရိုင်၊ ဥက္ကဋ္ဌ ဖဒိုထဲဒန် က “ပြည်သူလူထုရဲ့ နဂိုလုပ်ကိုင်စားသောက်နေတဲ့နေရာလေးကိုပဲ သူတို့ လုပ်ကိုင်စားသောက်လိုတဲ့ စိတ်ဆန္ဒရှိတဲ့အတွက်ကြောင့် ဒီလိုထုတ်ပြန်လိုက်ခြင်း ဖြစ်တယ်”လို့ ပြောပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013