DVB Logo
Home
မြန်မာသတင်း
ဂဠုန်ဆရာစံအထိမ်းအမှတ် တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲ ကျင်းပ
DVB
·
December 23, 2018
ဂဠုန်ဆရာစံအထိမ်းအမှတ် တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲ ကျင်းပ
1 / 4
Donate to DVB

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ ဖားရွှေကျော်ကျေးရွာ ဆရာစံတောင်ကုန်းမှာ တောင်သူလယ်သမားအရေးတော်ပုံ ဂဠုန်ဆရာစံ (၈၈)နှစ်မြောက် အထိမ်းအမှတ်ပွဲနဲ့ တောင်သူ လယ်သမားရေးရာ နှီးနှောဖလှယ်ပွဲကို ဒီနေ့ မနက် ကျင်းပပါတယ်။

ငြိမ်းချမ်းရေးနှင့် လူမှုတရားမျှတမှုဖော်ဆောင်ရေး အမှုဆောင်ဒါရိုက်တာ ဒေါက်တာ သောင်းညွှန်က “စင်ကာပူလိုနိုင်ငံမျိုး ဖြစ်ရမယ်လို့ စိတ်ကူးရင်နေမယ့်အစား တောင်သူ လယ်သမားတွေရဲ့ လူမှုဘဝမြင့်တင်နိုင်မှာသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှာဖြစ်တဲ့အတွက် အစိုးရအနေနဲ့ လယ်ယာ ကဏ္ဍနဲ့ ပတ်သက်တဲ့ မူဝါဒတွေ၊ ဥပဒေတွေနဲ့ စီမံကိန်းတွေ ရေးဆွဲပေးစေချင်တယ်။ စီမံကိန်း ရေးစွဲတဲ့နေရာမှာလည်း တောင်သူလယ်သမားတွေပါဝင်တဲ့ အဖွဲ့အစည်းမျိုးတွေ ပါဝင်စေချင်တယ်” လို့ ပြောပါတယ်။

ရွှေတောင်မြို့နယ် တောင်သူလယ်သမားရေးရာကော်မတီက ဦးထွန်းထွန်းဝင်က “ကျေန်ာတို့ တောင်သူလယ်သမား တော်လှန်ရေးခေါင်းဆောင် ဆရာစံရဲ့ပွဲမှာ ကျနော်တို့ တောင်သူတွေအရေးကို ထဲထဲဝင်ဝင်လုပ်ဆောင်နေတဲ့ ပြည်သူလွှတ်တော်၊ အမျိုးသား လွှတ်တော် တောင်သူလယ်သမားရေးရာကော်မတီဥက္ကဋ္ဌတွေ တက်ရောက်လာတဲ့အတွက် ကျနော်တို့ တောင်သူတွေရဲ့လူမှုဘဝတွေ၊ စီးပွားရေးအခက်အခဲတွေကို တင်ပြဆွေးနွေးမယ်။ ကျနော်တို့ တင်ပြဆွေးနွေးလိုက်တဲ့အတွက် ရလဒ်ကောင်းတွေ ထွက်လာမယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ တက်လာတာဖြစ်တယ်"လို့ပြောပါတယ်။

ဆွေးနွေးပွဲမှာ တိုင်းဒေသကြီးအသီးသီးက တောင်သူလယ်သမားကိုယ်စားလှယ်တွေက တောင်သူလယ်သမားတွေနဲ့ ပတ်သက်တဲ့ အခက်အခဲတွေကို ကဏ္ဍအသီးသီး ဆွေးနွေးခဲ့ကြပါတယ်။

တောင်သူတွေအနေနဲ့ သိမ်းဆည်းခံမြေတွေကို ပြန်ပေးနေပေမယ့် မရရှိဘဲ သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းတွေက စီမံခန့်ခွဲတာတွေကို ပယ်ဖျက်ပြီး တောင်သူလယ်သမားပါဝင်တဲ့ အဖွဲ့အစည်းတွေ ဖွဲ့စည်းပေးစေချင်တယ်လို့ သိရပါတယ်။

အဆိုပါပွဲကို ငြိမ်းချမ်းရေးနှင့် လူမှုတရားမျှတမှုဖော်ဆောင်ရေးအဖွဲ့၊ တောင်သူလယ်သမား ရေးရာကော်မတီ ပြည်သူလွှတ်တော်ဥက္ကဋ္ဌနဲ့ အမျိုသားလွှတ်တော်ဥက္ကဋ္ဌ၊ မိုးညှိမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေ၊ မကွေးတိုင်း ဒေသကြီး၊ အုတ်ဖိုမြို့နယ်နဲ့ သာယာဝတီမြို့နယ်က တောင်သူလယ်သမားတွေနဲ့ အလုပ်သမား အင်အား ၅၀၀ ကျော်တက်ရောက်ခဲ့ပါတယ်။

သတင်း - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013