DVB Logo
Home
မြန်မာသတင်း
အလုပ်သမားများအတွက် လုပ်အားခ  ကျပ်သိန်း ၃၀၀၀၀ ကျော်ပြန်ရအောင် ဆောင်ရွက်ပေးနိုင်
DVB
·
December 23, 2018
အလုပ်သမားများအတွက် လုပ်အားခ  ကျပ်သိန်း ၃၀၀၀၀ ကျော်ပြန်ရအောင် ဆောင်ရွက်ပေးနိုင်
Donate to DVB

ပြီးခဲ့တဲ့လက အလုပ်သမားတွေအတွက် လုပ်အားခနဲ့ ခံစားခွင့် ကျပ်သိန်းပေါင်း ၃ သောင်းကျော်ရအောင် ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနက ပြောပါတယ်။

အလုပ်ရုံနဲ့ အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနက နိုဝင်ဘာလမှာ ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး အများပြည်သူ အလုပ်ပိတ်ရက်မှာ အလုပ်လုပ်တာ၊ လုပ်သက်ခွင့်ကို ငွေကြေးနဲ့ ခံစားနိုင်အောင် လုပ်ပေးတာ၊ လုပ်အားခ ကျန်ငွေ မရတာကို ရအောင်လုပ်ပေးတာ၊  ရှောင်တခင်ခွင့်၊ ဆေးခွင့်နဲ့ မီးဖွားခွင့်တွေအတွက် ငွေကြေးခံစားခွင့်တွေ ရအောင်လုပ်ပေးခဲ့ တယ်လို့ ဆိုပါတယ်။

အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနကလည်း ငွေကြေးအကျိုးခံစားခွင့်ရှိတဲ့ အလုပ်သမား ၂၂၁ ယောက် အတွက် ငွေကျပ် သိန်း ၆၉၀ ကျော်နဲ့ ထိုင်းဘတ်ငွေ ၄၈,၀၀၀ ကျော် ရအောင် ဆောင်ရွက်ပေးခဲ့တယ်လို့ လအလိုက်မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

နိုဝင်ဘာလအတွင်း မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့တွေဆီကို ရောက်လာတဲ့ အမှုပေါင်း ၁၀၁ မှုမှာ အမှုပေါင်း ၁၀၀ ကို ဖြေရှင်းနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

လူမှုဖူလုံရေးအဖွဲ့ကလည်း အာမခံထားတဲ့ အလုပ်သမားတွေအတွက် ငွေကြေး အကျိုးခံစားခွင့်အလိုက် ကျပ်သိန်းပေါင်း ၁၀၀၀၀ ကျော် ပေးခဲ့ပြီး ဆေးဖိုးကုန်ကျငွေ သိန်း ၉၂၀ ကျော် ပြန်ထုတ်ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့လထဲမှာ လူမှုဖူလုံရေး ဆေးခန်းတွေမှာ လာကုတဲ့အလုပ်သမားပေါင်း ၇၀,၀၀၀ ကျော်၊ အလုပ်သမားဆေးရုံတွေမှာ လာကုတဲ့ အလုပ်သမား ၈,၀၀၀ ကျော် အပါအဝင် အလုပ်သမားပေါင်း ၈၀,၀၀၀ ကျော်ကို ကုသပေးခဲ့ ပါတယ်။

လူမှုဖူလုံရေးအဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ ကျန်းမာရေးနဲ့ လူမှုရေး စောင့်ရှောက်မှု အာမခံစနစ်၊ ထည့်ဝင်ငွေ၊ အလုပ်မှာ ထိခိုက်မှုအကျိုးခံစားခွင့်အတွက်တို့အတွက် ဝင်ငွေ ကျပ်သန်းပေါင်း အလုပ်ရှင်ထည့်ဝင်ငွေ ကျပ်သန်းပေါင်း ၉,၆၀၀ ကျော်ရထားတယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013