DVB Logo
Home
မြန်မာသတင်း
ရာသီဥတုမကောင်းသဖြင့် မျှင်​ကျားလုပ်ငန်းလုပ်ကိုင်သည့် ရေလုပ်သားများအခက်ကြုံနေ 
DVB
·
December 23, 2018
ရာသီဥတုမကောင်းသဖြင့် မျှင်​ကျားလုပ်ငန်းလုပ်ကိုင်သည့် ရေလုပ်သားများအခက်ကြုံနေ 
Donate to DVB

ဧရာဝတီတိုင်း၊ ဖျာပုံမြိုနယ်​၊ ကနိ​ကျေးရွာအုပ်​စု၊​ ချောင်းဝ​ကျေးရွာက ​ရေလုပ်​ငန်းအ​သေးစား မျှင်​ကျား လုပ်​ကိုင်​​နေသူတွေဟာ လုပ်ငန်းမကောင်းတာအပြင် ကုန်ဈေးနှုန်းတက်တာ ကြောင့် အခက်ကြုံနေရ ပါတယ်။

ပြီးခဲ့တဲ့နှစ်က မျှင်​ကျား​ထောင်​တာ တနေ့ကို ကျပ်  ၄၀၀၀၀ ကနေ ၈​၀၀၀၀ ကျပ်​ လောက်အထိရကြပြီး ဒီနှစ်​မှာ ရာသီဥတု မ​ကောင်း​တဲ့အတွက် ၀င်ငွေနည်းပါးနေကြတာ ဖြစ်ပါတယ်။

မျှင်​ကျား လုပ်​ငန်းလုပ်​ကိုင်​​နေသူ ဦး​သောင်းထွန်းက “လုပ်​ကိုင်​စား​သောက်​ရတာ အခု ကုန်​​ဈေးနှုန်းနဲ့ဆို​တော့​တော်​​တော်​​လေးကို ရုန်းကန်​​နေရတယ်​။ တော်​​တော်​​လေးကို ဝင်​​ငွေအဆက ကွာသွား​တာ​ပေါ့။ ဒီနှစ်​မှာက မနှစ်​က​လောက်​မရဘူး။ မရ​သေး​တော့ ဒီနှစ်​က လုပ်​ကိုင်​စား​သောက်​ရတာ ​တော်​​တော်​​လေးကို ဒုက္ခ​ရောက်​​နေတယ်​” လို့ ​ပြောပါတယ်​။

အဲဒီချောင်းဝ​ကျေးက​လေးမှာ မျှင်​ကျားလုပ်​ကိုင်​​နေသူတချို့က မြစ်​ကမ်း​ဘေးမှာ အိမ်​က​လေး​တွေ​ ဆောက်​​နေကြပြီး မိုးရာသီမှာလည်း ပင်​လယ်​​ရေတက်လာရင် ​နေအိမ်​​တွေ ရေမြှုပ်​တယ်​လို့သိရပါတယ်။

မိဘတွေက အလုပ်​နဲ့ လုံးပန်း​နေရ​တော့ သားသမီး​တွေရဲ့ ပညာ​ရေး​တွေမှာ ​နောက်​ကျတယ်​ လို့မျှင်​ကျား လုပ်​ကိုင်​​သူ ဦးသန့်​ဇင်​က ပြောပါတယ်။

“ဒီနှစ်​က အရနည်း​တော့ စားဝတ်​​နေ​ရေးနဲ့ ကျောင်းသား​တွေရဲ့ ပညာ​ရေးပါပဲ။ ကိုယ်​​တွေ အလုပ်​နဲ့လုံးပန်း​နေရ​တော့ သားသမီး​တွေရဲ့ ပညာ​ရေး​တွေမှာ ​နောက်​ကျတာ​ပေါ့။ မိသားစု​တွေက တံငါ​လေးလုပ်​စား​နေရ​တော့ တခါတ​​လေမှာ အဆင်​မ​ပြေဘူး ဖြစ်​​နေတာ​ပေါ့” 

မျှင်​ကျားလုပ်​ကို​နေသူတွေဟာ ဖျာပုံမြစ်​ပင်​လယ်​အဝမှာ စက်​​လှေအ​သေးစားလေး​တွေနဲ့ လှိုင်းလေကြားမှာ မိသားစုဝမ်းစာ​ရေးအတွက်​ ရှာ​ဖွေစား​သောက်​​နေကြ​ရတာပါ​။

ဇာစိမ်းကို ကျားပိုက်​လုပ်​ပြီးအဓိက ဖမ်းယူတာက ပုဇွန်​ အ​ကောင်​အ​သေး၊ မျှင်​​ကောင်​ အမျိုးအစားဖြစ်​ပြီး အခြား ငါးနုတ်​၊ ငါးဖွဲ လေး​တွေလည်း​ ရတယ်​လို့သိရပါတယ်​။

မျှင်​ကျား လုပ်​ငန်း လုပ်​ကိုင်​နိုင်​ဖို့အတွက်​ စက်​​လှေ တစီးကို ​ငွေကျပ်​ ရှစ်သိန်းကျပ်​ဝန်းကျင်​ ရင်းနှီး လုပ်​ကိုင်ရ​တာ ဖြစ်ပါတယ်။

ကျော်စိုးမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013