DVB Logo
Home
မြန်မာသတင်း
အွန်လိုင်းမှခင်မင်သူအား ဖြားယောင်းပြီး သတ်ဖြတ်ပစ္စည်းယူသူ မိန်းကလေးနှင့်အပေါင်းပါများကို ဖမ်းမိ
DVB
·
December 22, 2018
အွန်လိုင်းမှခင်မင်သူအား ဖြားယောင်းပြီး သတ်ဖြတ်ပစ္စည်းယူသူ မိန်းကလေးနှင့်အပေါင်းပါများကို ဖမ်းမိ
Donate to DVB

အွန်လိုင်းကနေ ခင်မင်နေသူကို ဖြားယောင်းခေါ်ပြီး သတ်ဖြတ်ပစ္စည်းယူခဲ့သူ မိန်းကလေးနဲ့ အပေါင်းအပါတွေကို ဖမ်းမိထားတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၁၇ ရက်က ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့၊ အမှတ် ၄ ရပ်ကွက်က မျောက်တောင်ကမ်းပါးမှာ လူငယ်တယောက် ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို ဘုရားသုံးဆူ နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်တွေနဲ့ သက်သေတွေ သွားရောက်စစ်ဆေးခဲ့ပြီး အဲဒီရပ်ကွက်က အသက် ၂၂ နှစ်အရွယ် မောင်လေးကြည်ဆိုတာကို သိခဲ့ရပါတယ်။

သူ့မှာ ဦးခေါင်းညာဘက် ပြတ်ရှဒဏ်ရာ ၄ ချက်၊ ဦးခေါင်းဘယ်ဘက် ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ညာဘက်ပုခုံး ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ညာဘက်ချိုင်းအောက် ထိုးသွင်းဒဏ်ရာ ၂ ချက်၊ ကျောပြင်မှာ ထိုးသွင်းဒဏ်ရာ ၁၄ ချက်နဲ့ သေဆုံးနေတာဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်လို့ ဘုရားသုံးဆူနယ်မြေရဲစခန်းမှာ လူသတ်မှု ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် စုံစမ်းခဲ့ရာမှာ မသင်္ကာသူ အသက် ၁၇ နှစ်အရွယ် သန်းထိုက်ဦး (ခ) သန်းထိုက်ကို စစ်ဆေးခဲ့ပါတယ်။

သူက အသက် ၂၅ နှစ်အရွယ် စောအောင်သူရိန် (ခ) ညီညီထွန်း (ခ) ကိုငယ်၊ အသက် ၁၇ နှစ်အရွယ် ဝင်းမြင့်(ခ)ပန်းသီး၊ အသက် ၂၀ အရွယ် ချစ်စနိုးဦး(ခ) အိန္ဒြာမိုးနွယ်တို့နဲ့အတူ ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနေ့ ညနေ ၃ နာရီအချိန်မှာ ချစ်စနိုးဦး (ခ) အိန္ဒြာမိုးနွယ်က ဖေ့စ်ဘွတ်ခ်ကနေ ခင်မင်ရင်းနှီးခဲ့တဲ့ မောင်လေးကြည်ကို မျောက်တောင်ပေါ်မှာ တွေ့ဆုံဖို့ချိန်းဆိုခဲ့ပြီး သူရောက်လာရင် ပါလာတဲ့ ပစ္စည်းတွေကို လုယူဖို့အတွက် သန်းထိုက်ဦး၊ စောအောင်သူရိန်၊ ဝင်းမြင့်တို့ကလည်း လိုက်သွားခဲ့ပါတယ်။

မောင်လေးကြည်က တောင်ပေါ်ကို ရောက်နေပြီဆိုတာကို သိရလို့ ၄ ယောက်လုံး တောင်ပေါ်ကို တက်သွားပြီး သန်းထိုက်ဦးက မောင်လေးကြည်ကို နောက်ကျောက သိုင်းဖက်ပြီး အသင့်ပါလာတဲ့ ဓားမြှောင်နဲ့တချက် ထိုးလိုက်တယ်လို့ ဆိုပါတယ်။

အဲဒီအချိန်မှာ ပန်းသီးက ကျောက်ခဲ့နဲ့ ထုခဲ့ပြီး စောအောင်သူရိန်က သန်းထိုက်ဦးဆီက ဓားမြှောင်ကိုယူပြီး အချက်ပေါင်းများစွာ ထိုးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးတော့ မောင်လေးကြည်ရဲ့ SAMSUNG J2 Prime ဖုန်းကိုယူပြီး အလောင်းကိုတော့ တောင်ပေါ်ကနေ ပစ်ချလိုက်တာကို စစ်ဆေးပေါ်ပေါက်တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

အခုတော သူတို့အားလုံးကို ဖမ်းမိထားပြီး အမှုကို ဆက်စစ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013