
လာမယ့် မတ်လ ကျင်းပမယ့် တက္ကသိုလ်ဝင်စာမေးပွဲအတွက် လေ့လာနိုင်ဖို့ မေးခွန်းဟောင်းတွေကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက သူတို့ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။
၂၀၁၅ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ပြည်တွင်း ပြည်ပမေးခွန်းတွေကို ဖော်ပြထားတာဖြစ်ပြီး ဘာသာရပ်တခုစီအလိုက် ဒေါင်းလုဒ် ရယူနိုင်ပါတယ်။
အခု ကြည့်ရသလောက် တခြားနှစ်တွေအတွက် အဆင်ပြေပေမယ့် ၂၀၁၈ ခုနှစ် ပြည်ပ မေးခွန်းဟောင်းတွေကိုတော့ ဖွင့်လို့မရတာ တွေ့ရပါတယ်။
လာမယ့် တက္ကသိုလ်ဝင် စာမေးပွဲကို မတ်လ ၆ ရက်ကနေ ၁၅ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။
မေးခွန်းဟောင်းများကြည့်ရန် အောက်ကလင့်ကို နှိပ်ပါ
http://myanmarexam.org/questions










