DVB Logo
Home
မြန်မာသတင်း
နမ်းဟူးရွာသားများ အသတ်ခံမှု တရားမျှတမှုရရှိရေး ဆန္ဒပြပွဲကို RCSS/SSA ကန့်​ကွက်
DVB
·
December 22, 2018
နမ်းဟူးရွာသားများ အသတ်ခံမှု တရားမျှတမှုရရှိရေး ဆန္ဒပြပွဲကို RCSS/SSA ကန့်​ကွက်
Donate to DVB

အသတ်​ခံရတဲ့ လွိုင်​လင်​မြို့နယ်​ နမ်းဟူးရွာသား ၅ ဦး တရားမျှတမှုရရှိဖို့ ပအိုဝ်းတိုင်းရင်းသားတွေ တောင်ကြီးမြို့မှာ မနေ့က ဆန္ဒပြတဲ့အ​ပေါ် RCSS/SSA အဖွဲ့က ကြေညာချက်ထုတ်ပြန် ကန့်ကွက်လိုက်ပါတယ်။

ဒီဇင်ဘာ ၂၁ ရက်နေ့ ရက်စွဲနဲ့ RCSS/SSA အဖွဲ့က ကြေညာချက်ထုတ်ပြန် ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။

အဓိက ဆန္ဒပြပွဲမှာ ​နောက်​ကွယ်​က လူတစု နိုင်​ငံ​ရေးအမြတ်​ထုတ်​တဲ့ ​အ​ပေါ် ကန့်​ကွက်​ ထုတ်​ပြန်​တာလို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ- ရှမ်းပြည်တပ်မတော် (RCSS /SSA) ​တောင်​ကြီး ဆက်​ဆံ​ရေးရုံးတာဝန်​ခံ ဗိုလ်​မှူးကြီး စိုင်းဦးက ​ပြောပါတယ်​။

“လူတစုရဲ့ ဆန္ဒပြခြင်းကို ကန့်​ကွက်​တယ်​ဆိုတဲ့အ​ကြောင်း သ​ဘောထားထုတ်​ပြန်​တာပါ၊ အဲဖြစ်​စဉ်​မှာ ရုန်းရင်​ဆန်​ခတ်​ဖြစ်​ပြီး​တော့ ဖြစ်​စဉ်​အမှန်​ကို မျက်​ကွယ်​ပြုပြီး​တော့ နိုင်​ငံ​ရေးသမား ​နောက်​ကွယ်​အဖွဲ့အစည်းအချို့က အမြတ်​ထုတ်​လို့ လုပ်​တာဖြစ်​တယ်​။”

ဆန္ဒပြပွဲမှာ လူးတဦးတစ်​​ယောက်​၊ အဖွဲ့အစည်းတခုက ဦး​ဆောင်​ပြီး ကျင်းပတာမဟုတ်​ဘဲ အမှန်​တရားရရှိဖို့နဲ့ ရပ်​ရွာလုံခြုံ​ရေးကို အဓိကထား ဆန္ဒပြတာလို့ ဆန္ဒပြပွဲမှာ ပါဝင်​သူ ခွန်​စိုးမြင့်က ​ပြောပါတယ်​။

ဖြစ်​ပြီးသားကိစ္စကို RCSS/SSA အ​နေနဲ့ နှစ်​ဘက်​တာဝန်​ရှိသူနဲ့ စားပွဲခုံ​ပေါ် ညှိနှိုင်းမှုပြုလုပ်​ပြီး အ​ဖြေရှာတာကို လိုလားတယ်​လို့ဆိုပါတယ်​။

“ဒီကိစ္စ ဖြစ်​ပြီဆိုတာနဲ့ ​ဖြေရှင်းနည်း မှန်​ဖို့လိုတယ်​၊ လမ်း​ပေါ်မှာ ​အော်​ပြီး ပြီးဆုံးမယ့်ကိစ္စ မဟုတ်​ဘူး၊ တာဝန်​ရှိသူနှစ်​ဖက်​ပုဂ္ဂိုလ်​​တွေ ​ဆုံပြီး ဘယ်​လိုလုပ်​​ဆောင်​​ပေးရမလဲဆိုတာ ညှိနှိုင်းပြီး အ​ဖြေရှာမှ ပြဿနာက ငြိမ်းချမ်းစွာ​ပြေလည်​သွားမယ်​” လို့ ဗိုလ်​မှူးကြီး စိုင်းဦးက ​ပြောပါတယ်​။

ဒီဇင်ဘာ ၁၁ ရက်နေ့က လွိုင်လင်မြို့နယ်​ ​​တောင်နောက်ကျေးရွာအုပ်စု နမ်းဟူးရွာက ​ ကျေးရွာ ရေ ရရှိရေးတွက် အုပ်ချုပ်ရေးမှူး၊ ရွာသူကြီး၊ ရုံးစာ​​ရေး၊ ကျောင်းကော်မတီတို့ ၄ ဦး သွားရောက်ပြုလုပ်​ပြီး အပြန်​မှာ RCSS /SSA တပ်ဖွဲ့က ​ဖမ်းဆီးခေါ်သွားတာကို အခြားရွာသား​တွေက ဖမ်းဆီးခံရသူတွေ လွတ်​​ပေးဖို့လိုက်​သွားရာမှ ပစ်ခတ်မှုဖြစ်​ပြီး ရွာသား ၅ ဦးသေဆုံးပြီး ၃ ဦးဒဏ်​ရာရရှိခဲ့တဲ့အပေါ် တရားမျှတမှု ရရှိဖို့ ဒီဇင်​ဘာ ၂၁ ရက်​က ​တောင်​ကြီးမြို့ မှာ ဆန္ဒပြ​တောင်းဆိုတာ ဖြစ်​ပါတယ်​။

ခွန်​ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013