ကလေးများကို ကာကွယ်ဆေးတိုက်ကျွေးသည့် အောင်လအန်ဆန်း (ဓာတ်ပုံ)
DVB
·
December 22, 2018

1 / 5
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က ကလေးတွေကို ကာကွယ်ဆေးတိုက်ကျွေးရာမှာ အောင်လအန်ဆန်းလည်း ပါဝင် ကူညီတိုက်ကျွေးခဲ့ပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေနဲ့အတူ ကူညီတိုက်ကျွေးနေတာကို ကျန်းမာရေးဝန်ကြီးဌာန၊ တိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းက ဒီဇင်ဘာ ၁၉ ရက်နေ့က ဖော်ပြထားတာပါ။
"ကျနော်တို့ချစ်ရတဲ့ ကလေးတွေအတွက် ကာကွယ်ဆေးကို တကြိမ်လေးမှ မလွတ်စေရဘဲ အပြည့်အဝ ထိုးနှံတိုက်ကျွေးပေးပါ။ ရောဂါဆိုးတွေကို ကာကွယ်ဆေးနဲ့ အလဲထိုး အနိုင်ယူကြစို့" လို့ အောင်လအန်ဆန်းက ပြောတယ်လို့လည်း ဖော်ပြထားပါတယ်။










