DVB Logo
Home
မြန်မာသတင်း
မြေငှားခအခွန်တိုးမြှင့်မှုကြောင့် ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းရှင်များ အခက်ကြုံ
DVB
·
December 22, 2018
မြေငှားခအခွန်တိုးမြှင့်မှုကြောင့် ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းရှင်များ အခက်ကြုံ
Donate to DVB

ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းတွေကနေ     မြေငှားခ အခွန်​​ငွေ အဆ ၁၀၀ ထိ တိုးမြှင့်​ကောက်​ခံလိုက်​တဲ့အတွက်​ ​မကွေးတိုင်းအတွင်းက ရေနံလက်​ယက်​တွင်းတိမ်​လုပ်​ငန်း လုပ်​ကွက်​ပိုင်​ရှင်ေ​​တွ အခက်အခဲ ကြုံနေရပါတယ်။

ရေနံလုပ်​ငန်း စလုပ်​စဉ်​ကတည်းက သက်​တမ်းတိုးတဲ့အခါ ​မြေငှားခ တဧကကို ၃၀၀ ကျပ်​ ထမ်း​ဆောင်​ရာက​နေ သုံးသိန်းကျပ်​ထိ တိုးမြှင့်ကောက်​ခံတာကြောင့် အခက်​ကြုံ​နေရတာပါ။

အထက်​မင်းလှမြို့နယ်​ ​​​ရွှေ​တောင်​တန်း ​ရေနံလုပ်​ငန်းရှင်​အသင်း ဥက္ကဋ္ဌ ​ဒေါ်မြမြမင်းက "​တ​ဧကကို သုံးသိန်း​ကောက်​ခံမယ်​ဆိုရင်​ သိန်း​ထောင်​ချီ ကုန်​ကျမှာဖြစ်​တဲ့အတွက်​ ဧကအနည်းငယ်​သာ ထမ်း​ဆောင်​မှာဖြစ်​ပြီး ရာနဲ့ချီတဲ့ လုပ်​ကွက်​ဧက​တွေ စွန့်​လွှတ်​ခွ​င့်ပြုဖို့ အစိုးရကို စာတင်​ထားပါတယ်​။ တ​နှစ်​တာ အကျိုးအမြတ်​အ​နေနဲ့ သိန်း ၁၀၀ ကျန်​ဖို့​တောင်​ မလွယ်​ကူတဲ့အတွက်​ ထမ်း​ဆောင်​နိုင်​ခြင်း ရှိမရှိ အစိုးရပိုင်းက စိစစ်​​စေချင်​တယ်​။ ​စတင်​ထမ်း​ဆောင်​စဉ်​ကာလက  ငွေတန်​ဖိုးကို ​ရွှေ​ဈေးနဲ့ နှိုင်းယှဉ်​တွက်​ချက်​မယ်​ဆိုရင်​ ဆယ်​ဆ​လောက်​ပဲ ​ကောက်​ခံသင့်တယ်​” လို့ ဒီဗွီဘီကို​ပြောပါတယ်​။

ရေနံလက်​ယက် ​တွင်းတိမ်​လုပ်​ငန်းရှင်​ မစန္ဒာဦးက မြေငှားခ၊ သက်​တမ်းတိုး အခွန်​​ငွေ အဆ ၁၀၀ တက်​သွားတဲ့အပြင်​ ​ရေနံ  တပေပါကို နိုင်​ငံ​တော်​ အခွန်​ ၁၀၀၀ ​ကျပ်​၊ တိုင်း​ဒေသကြီး အခွန်​ ၂၀၀၀ ကျပ်​ တိုးမြှင့်ကောက်​ခံတဲ့အတွက်​ အခက်​ခဲဖြစ်​​နေတယ်​လို့ ပြောပါတယ်။

ရေနံလက်​ယက်​တွင်းတိမ်​ လုပ်​ငန်းရှင်​ ​ဒေါ်ဖြူ​လေးက "သုံး​ထောင်​​ပေးရစဉ်​ကာလတုန်းက အလုပ်​အဆင်​မ​ပြေ​သေးရင်​​တောင်​ လုပ်​ကွက်​ကို​ ရွေးထားနိုင်​တယ်​။ သုံးသိန်း ဖြစ်​သွားတဲ့အတွက်​ လုပ်​ငန်းဖြစ်​တဲ့နှစ်​ရှိသလို မဖြစ်​တဲ့နှစ်​​တွေလည်းရှိလို့ လုပ်​ကွက်​ကို မ​ရွေးနိုင်​​တော့ပါဘူး။ လက်​ရှိ​ပေါ်လစီအရ ​ဒေသခံ​တွေကို တယောက်​ ၅ ဧကနှုန်းနဲ့ ခွင့်ပြုထား​ပေမယ့် ​ရေနံလုပ်​ကွက်​ကို ဒီနှုန်းထား​နဲ့ သက်​တမ်း သက်​တမ်းတိုးနိုင်​ဖို့ ​တော်​​တော်​ခက်​ခဲသွားပြီ”လို့​ ပြောပါတယ်​။

မ​ကွေးတိုင်း​ သယံဇာတ၊ သဘာဝပတ်​ဝန်းကျင်​၊ လျှပ်​စစ်​နှင့်​စွမ်းအင်​ဝန်​ကြီး ဦးမြင့်​​ဇော်​က "ယခင်​အစိုးရ လက်​ထက်​က ​မြေငှားခ တဧကကို ၃၀၀၀ ကျပ်​ပဲ ​ကောက်​ခံတဲ့အတွက်​ ဧကရာချီ ​ထောင်​ချီ ​လျှောက်​ထားတာ​တွေရှိတယ်​။ တူးတာရှိသလို မတူးတဲ့ အကွက်​​တွေလည်းရှိ​နေပြီ ​မြေ​နေရာ​တွေ ဦးထားကြတယ်​။ တ​ဧကကို သုံးသိန်းသတ်​မှတ်​လိုက်​​တော့ ဧက​လျှော့ချပြီး အခွန်​​ဆောင်​ခွင့်ပြုဖို့ စာတင်​ထားတာ ၁၀ ဦး​လောက်​ရှိတယ်​။ လုပ်​ထုံးလုပ်​နည်းဥပ​ဒေအရ နဂိုမူလအကွက်​ကို ပြန်​အပ်​ပြီးမှ အသစ်​​ပြန်​လျှာက်​ရမှာပါ၊ ဧက​လျှော့ချပြီး အခွန်​​ဆောင်​ခွင့်မပြုပါဘူး။ ခုလို တိုးမြှင့်​လိုက်​တဲ့အတွက်​ အမှန်​တကယ်​ လုပ်​ကိုင်​မယ့် လုပ်​ကွက်​ငယ်​​တွေ အများကြီး​ပေါ်လာနိုင်​တယ်​။ ပြည်​​ထောင်​စုဝန်​ကြီးဌာနနဲ့ ညှိနှိုင်းပြီး ဆုံးဖြတ်​ခဲ့တာဖြစ်​ပြီး နိုင်​ငံ​တော်​အတွက်​ ခွန်​​ငွေ​တွေ တိုးလာနိုင်​တယ်​လို့"ဆိုပါတယ်​။

တနိုင်ငံလုံးမှာ မကွေးတိုင်း ​ရေနံလက်​ယက်​တွင်းတိမ်​ လုပ်ငန်း လုပ်ကိုင်တာအများဆုံးဖြစ်ပြီး စုစုပေါင်း ၃၁ လုပ်ကွက်ရှိပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013