DVB Logo
Home
မြန်မာသတင်း
တပ်မတော်က စစ်ဆင်ရေးရပ်ဆိုင်းသည့်အပေါ် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်အချို့၏ အမြင်
DVB
·
December 21, 2018
တပ်မတော်က စစ်ဆင်ရေးရပ်ဆိုင်းသည့်အပေါ် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်အချို့၏ အမြင်
Donate to DVB

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) မှာ ပါဝင် လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တဖွဲ့ချင်း ညှိနှိုင်းဆွေးနွေးနိုင်ဖို့အတွက် ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၁၉ ဧပြီ ၃၀ ရက်အထိ ၄ လကျော်ကြာ စစ်ဆင်ရေး ရပ်ဆိုင်းထားမှာဖြစ်ကြောင်း တပ်မတော်က ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဒီထုတ်ပြန်ချက်အပေါ် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တချို့ရဲ့ အမြင်သဘောထားတွေကို  စုစည်းထားပါတယ်။

ခွန်မြင့်ထွန်း (ဒုဥက္ကဋ္ဌ- ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်-PNLO)

“တပ်မတော်ကနေပြီးတော့ အပစ်ခတ်ရပ်စဲရေးကို သူ့ဘက်က ဒီလိုစပြီးတော့ ကြေညာတဲ့ဟာကို ကျနော်တို့က ကြိုဆိုပါတယ်။ အချိန်ကာလ ကန့်သတ်ချက်နဲ့ ကြေညာတယ် ဆိုစေကာမူ ဘယ်လိုပဲဖြစ်ဖြစ် တပ်မတော်ကနေပြီးတော့ ဒီလို တဖက်သတ် ဒီလိုစပြီးတော့မှ အပစ်ခတ်ရပ်စဲရေးလုပ်တဲ့ အစဉ်အလာကတော့ အင်မတန်ကောင်းတဲ့ အစဉ်အလာ ဖြစ်ပါတယ်။ ကျနော်တို့တွေကတော့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ် အန်စီအေကို လက်မှတ်မထိုးခင်ကတည်းက ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ စကတည်းကိုက တပ်မတော်ဘက်ကနေ၊ အစိုးရဘက်ကနေ အပစ်ခတ်ရပ်စဲပေးဖို့ဆိုတာ တောက်လျှောက် တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါမှလည်း ကျနော်တို့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး ဆိုတာလည်း အဓိပ္ပာယ်ရှိမှာဖြစ်ပါတယ်။ အဲတော့ တပ်မတော်က အခုလို အချိန်ကာလ ကန့်သတ်ချက်နဲ့ အပစ်ခတ်ရပ်စဲရေးကို စတင်လုပ်ဆောင်တာကိုတော့ ကျနော်တို့ အထူးပဲ ကြိုဆိုပါတယ်။”

နိုင်ဟံသာ (မွန်ပြည်သစ်ပါတီ နာယက)

“အန်ကယ် ရိုးရိုးသားသားအမြင် ပြောရမယ်ဆိုရင် ကျနော်တို့နိုင်ငံကို တကယ့်ငြိမ်းချမ်းတဲ့ နိုင်ငံ ဖြစ်စေချင်ရင် ဒီ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံးပါဝင်ဖို့လိုတယ်။ ဒါပေမယ့် ခေါ်တဲ့နေရာမှာတော့ ရိုးရိုးသားသားပဲလား ဒါမှမဟုတ်ရင် တခြားပုံစံ ဘာများရှိမလဲ မပြောတတ်ဘူးပေါ့နော်။ အန်ကယ်တို့ကတော့ ရိုးရိုးသားသားပဲ ဖြစ်စေချင်တယ်။ အားလုံး ပါဝင်နိုင်ရေးကို အဓိက စောင်းပေးပြီးတော့မှ ကြိုးပမ်းဖို့လိုတယ်။ အဲလို ကြိုးပမ်းတဲ့အပေါ်မှာ အားပေးပါတယ်။ တကယ် ရိုးရိုးသားသားဆိုရင်လေ။”

ဗိုလ်မှူးကြီးစိုင်းဦး (ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ–ရှမ်းပြည်တပ်မတော် RCSS/SSA ​တောင်​ကြီးဆက်​ဆံ​ရေးရုံး တာဝန်​ခံ)

“တကယ်လို့ စေတနာမှန်တယ်ဆိုရင်တော့ ကောင်းပါတယ်လို့ ကျနော်တို့မြင်တယ်။ ကျနော်တို့ အခု နိုင်ငံရေးဖြစ်စဉ်တွေက နိုင်ငံရေးနဲ့ပဲ တွေ့ဆုံပြီးတော့ ဆွေးနွေးကြရမှာ။ နိုင်ငံရေးဆွေးနွေးပွဲ စကားဝိုင်းဆီကို ခေါ်လိုက်မယ်ဆိုရင်တော့၊ နောက်တချက်က အပစ်ရပ်မယ်ဆိုရင်တော့ ကောင်းပါတယ်။ ဒါပေမယ့် တခုမပါတာက   အနောက်ပိုင်းတိုင်းပေါ့နော်။ အဲဒါကတော့ ပါတာမတွေ့ဘူး။ အဲဒါတခုတော့ ထူးခြားနေတယ်။ အဲဘက်မပါဘူး ဆိုရင်တော့ အဲဒီအရေးတွေကျတော့ အဲဒီနယ်မြေထဲ မပါဘူးဆိုတဲ့သဘော သက်ရောက်သွားတာပေါ့။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013