DVB Logo
Home
မြန်မာသတင်း
အထွေထွေအုပ်ချုပ်ရေးဌာနကို ပြည်ထောင်စုအစိုးရလက်အောက်သို့ ပြောင်းရွှေ့မည်
DVB
·
December 21, 2018
အထွေထွေအုပ်ချုပ်ရေးဌာနကို ပြည်ထောင်စုအစိုးရလက်အောက်သို့ ပြောင်းရွှေ့မည်
Donate to DVB

ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့ လက်အောက်ကို ပြောင်းရွှေ့ဖို့ ညွှန်ကြားစာ ကျလာပြီလို့ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

ဒီနေ့ ဒီဇင်ဘာ ၂၁ ရက်နေ့က ပြုလုပ်တဲ့ နိုင်ငံတော်သမ္မတရုံးရဲ့ နှစ်ပတ်တကြိမ် သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက ပြောဆိုလိုက်တာပါ။

ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနလက်အောက်ကို ပြောင်းရွှေ့ဖို့ လမ်းညွှန်ချက်နဲ့ မူကျပြီးဖြစ်ကာ ရွှေ့ပြောင်းနိုင်ဖို့အတွက် လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက်ပြီး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

“ဘာကြောင့် ပြောင်းရလဲဆိုရင် ကျနော်တို့ ပြောရရင်တော့ သမ္မတကြီး နှစ်ဆန်း ၁ ရက်နေ့ မိန့်ခွန်းမှာလည်း ပါပါတယ်။ ပြည်ထောင်စုအစိုးရ ရှေ့ဆက်လက်မယ့် ပြုပြင်ပြောင်းလဲရေးကို အချုပ်အခြာအာဏာရဲ့ မူလပိုင်ရှင်ဖြစ်တဲ့ ပြည်သူလူထုနဲ့ နီးစပ်တဲ့ အောက်ခြေက စတင်မှာဖြစ်ကြောင်း၊ အနာဂတ်မှာ ပေါ်ထွန်းလာသော ဖက်ဒရယ်ပြည်ထောင်စု အုပ်ချုပ်ရေး စနစ်အတွက် ကြိုတင်စီမံဆောင်ရွက်တဲ့အနေနဲ့ ဗဟိုချုပ်ကိုင်မှုလျှော့ချပြီး တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေရဲ့ တင်ပြချက်တွေကို အခြေခံပြီး ပြောင်းလဲသင့်တာတွေကို ပြောင်းလဲဖို့ ရှိပါတယ်လို့ ပြောထားပါတယ်။ ဒါတွေကိုလုပ်ဖို့ ရည်ရွယ်ချက်ရှိတဲ့အတွက် ပြောခဲ့တာ ဖြစ်ပါတယ်။”

အခုလို ပြောင်းလဲတာဟာ တစုံတဦး၊ အစုအဖွဲ့တဖွဲ့ရဲ့ တိုက်တွန်းချက်၊ အကြံပြုချက် လုံးဝမပါဘူးလို့ ပြောပါတယ်။

“‘ဒါကို ဘယ်ဟာနဲ့ လုပ်လဲဆိုတော့ ကျနော်တို့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၂၇ မှာ ဘာပါလဲဆိုတော့ ပြည်ထောင်စုအစိုးရသည် ဥပဒေနဲ့အညီ ပြည်ထောင်စုဆိုင်ရာ ၀န်ထမ်းအဖွဲ့အစည်းများကို ဖွဲ့စည်းနိုင်သည်၊ ယင်းသို့ဖွဲ့စည်းရာတွင် လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များကို သတ်မှတ်ပေးရမယ်ဆိုပြီး ၂၂၇ (က)မှာ ပါပါတယ်။ (ခ) ကတော့ လိုအပ်သော ၀န်ထမ်းများ ခန့်အပ်နိုင်သည်ဆိုတာ ပါပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013