DVB Logo
Home
မြန်မာသတင်း
ငွေစက္ကူအတုကိုင် ဒိုက်ဦးအမျိုးသမီးအမှု နှစ်ရှည်ထောင်ဒဏ်ချနိုင်သည့်ပုဒ်မ ပယ်ဖျက်
DVB
·
December 21, 2018
ငွေစက္ကူအတုကိုင် ဒိုက်ဦးအမျိုးသမီးအမှု နှစ်ရှည်ထောင်ဒဏ်ချနိုင်သည့်ပုဒ်မ ပယ်ဖျက်
Donate to DVB

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်မှာ ၁၀၀၀၀ တန် ငွေစက္ကူအတု ကိုင်ဆောင်မှုနဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ အမျိုးသမီးရဲ့အမှုမှာ ၁၀ နှစ်ကနေ နှစ် ၂၀ အထိ ချမှတ်နိုင်တဲ့ ဥပဒေ ပုဒ်မ ၁၀၆ ကို ပထမအကြိမ် ရုံးထုတ်ချိန်မှာ ပယ်ဖျက်ပေးခဲ့တယ်လို့ အမှုမှာ လိုက်ပါကူညီပေးနေတဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသူရဇော်က ပြောပါတယ်။

ဒီဇင်ဘာ ၂ဝ ရက်က နော်သော့သွဲ့ထူးအတွက် အာမခံလျှောက်ထားဖို့ ပဲခူးခရိုင်တရားရုံးကို သွားရောက်စောင့်ဆိုင်းခဲ့ပေမယ့် ခရိုင်တရားရုံးကို အမှုရောက်လာခြင်း မရှိတာကြောင့် ဒိုက်ဦးမြို့နယ် တရားရုံးကို ပြန်လာခဲ့ပြီး လေ့လာစုံစမ်းကြည့်ရာ ပုဒ်မ ၁၀၆ ကို ပယ်ဖျက်သွားခဲ့ရတာ သိရှိခဲ့ရလို့ ဆိုပါတယ်။

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသူရဇော်က "အာမခံလျှောက်လဲ ဆောင်ရွက်ဖို့အတွက် ခရိုင်တရားရုံးမှာ သွားစောင့်နေတာ အမှုက ခရိုင်ကို ရောက်မလာဘူးဆိုတော့ နောက်ကြောင်းပြန်လာခဲ့တာ။ ဘယ်သူကဖြုတ်တယ်ဆိုတာတော့ မသိဘူး။ ရှင်းတာတော့ ရှင်းရှင်းလေးပါပဲ၊ ပုဒ်မ ၁၀၅ ဆိုရင် မြို့နယ်မှာ၊ ပုဒ်မ ၁၀၆ ဆိုရင် ခရိုင်မှာ စစ်ရမှာ၊ ပုဒ်မ ၁၀၆ မရှိတော့တဲ့အတွက် မြို့နယ်ကိုပြန်လာရတယ် ဒါရှင်းနေတာပဲ။"

ပုဒ်မ ၁၀၆ ဖျက်သိမ်းလိုက်တာနဲ့ ပတ်သက်ပြီး ဒိုက်ဦးမြို့နယ်ရဲတပ်ဖွဲ့ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒိုက်ဦးမြို့နယ်၊ လယ်ကြားမြောင်ကျေးရွာနေ နော်သော့သွဲ့ထူး အသက် ၂၅ နှစ်ဟာ ကျပ် ၁၀၀၀၀ တန် ငွေစက္ကူအတု ကိုင်ဆောင်မှုနဲ့ ဒီဇင်ဘာ ၆ ရက်က ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ဒိုက်ဦးမြို့မရဲစခန်းက သူ့ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆ နဲ့ အရေးယူထားတာဖြစ်ပြီး ပုဒ်မ ၁၀၅ ဟာ ထောင်ဒဏ် ၃ နှစ်နဲ့ ငွေဒဏ်၊ ပုဒ်မ ၁၀၆ ဟာ ထောင်ဒဏ် အနည်းဆုံး ၁၀ နှစ်ကနေ နှစ်၂၀ ထိ ချမှတ်နိုင်တယ်လို့ ၂၀၁၃ ဗဟိုဘဏ်ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

ဒီဇင်ဘာ ၂၀ ရက်က ဒိုက်ဦးမြို့နယ်တရားရုံးမှာ အမှုရုံးထုတ်ခဲ့တာဖြစ်ပြီး အမှုကို စစ်ဆေးမယ့် တရားသူကြီး မရှိတာကြောင့် ဇန်နဝါရီ ၃ ရက်ကို တရားရုံးက ပြန်လည်ချိန်းဆိုခဲ့ပါတယ်။

သတင်း၊ဓာတ်ပုံ-နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013