DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
December 21, 2018
Donate to DVB

ပဲတီစိမ်း

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲတီစိမ်း ၅၆ ဒသမ ၂၅ ပိသာဝင် တအိတ်ကို ၈၂၀၀၀ ကနေ ၁၁၇၂၀၀ အထိ ပေါက်ဈေးရှိပြီး မနေ့ကဈေးအတိုင်း ပြောင်းလဲမှုမရှိပါ။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲတီစိမ်းတအိတ်ကို ၉၀၀၀၀ ကနေ ၁၂၀၀၀၀ အထိ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၂၈၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

မတ်ပဲ

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ မတ်ပဲက ပိသာ ၆၀ ဝင် တအိတ်ကို ၆၅၀၀၀ ကနေ ၇၀၀၀၀ အထိ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မကွေးကုန်စည်ဒိုင်မှာ  မတ်ပဲက တအိတ်ကို ၇၅၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မကွေးကုန်စည်ဒိုင် တအိတ်ကို ၅၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ပဲစင်းငုံနီ

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲစင်းငုံနီအသစ်က တအိတ်ကို ၆၆၀၀၀ ကနေ ၇၂၀၀၀ အထိ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မကွေးကုန်စည်ဒိုင်မှာ တအိတ်ကို ၇၈၉၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ မကွေးကုန်စည်ဒိုင် တအိတ်ကို ၆၉၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

နှမ်းနက်

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းနက်တအိတ်ကို ၁၈၀၀၀၀ ကနေ ၂၀၀၀၀၀ အထိ ပေါက်ဈေးရှိပြီး ၁၀၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မကွေးကုန်စည်ဒိုင်မှာ နှမ်းနက်တအိတ်ကို ၁၉၀၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မကွေးကုန်စည်ဒိုင် ၁၀၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

စားအုန်းဆီ

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ စားအုန်းဆီတပိသာကို ၁၆၂၀ ကနေ ၁၆၃၀ အထိ ပေါက်ဈေးရှိပြီး ၂၀ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာ စားအုန်းဆီတပိသာကို ၁၆၆၀ ကနေ ၁၆၈၀ အထိ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် ၅၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ကြက်သွန်နီ

ပခုက္ကူကုန်စည်ဒိုင်မှာ ကြက်သွန်နီ တပိသာကို ၆၃၀ ကနေ ၆၅၅ အထိ ပေါက်ဈေးရှိပြီး ၄၅ ကျပ် ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာ ကြက်သွန်နီတပိသာကို ၃၅၀ ကနေ ၆၅၀ အထိ ပေါက်ဈေးရှိပါတယ်။ ပခုက္ကူနဲ့ မြင်းခြံကုန်စည်ဒိုင် ၅ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံတွေထဲက နှမ်းနက်ကတော့ ဒီတပတ်မှာ ဈေးကျဆင်းသွားပါတယ်။ တရုတ်ဝယ်ယူမှု လျော့ကျသွားတဲ့အတွက် ဈေးက ကျဆင်းသွားတာ ဖြစ်တယ်လို့ သိရပါတယ်။ တပတ်အတွင်း တအိတ်ကို ၂၀၀၀၀ ကျော် ဈေးကျဆင်းသွားပါတယ်။

နောက်သီးနှံတခုကတော့ စားအုန်းဆီဈေးပဲ ဖြစ်ပါတယ်။ နှစ်လနီးပါး ဈေးကျဆင်းခဲ့တဲ့ စားအုန်းဆီက ဒီတပတ်မှာတော့ ဈေးပြန်တက်လာပါတယ်။ စားအုန်းဆီ အဓိကတင်သွင်းတဲ့ မလေးရှားနိုင်ငံမှာလည်း စားအုန်းဆီဈေးနှုန်း မြင့်တက်လာတဲ့အတွက် ပြည်တွင်း စားအုန်းဆီဈေးတွေလည်း မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ တပတ်အတွင်း တပိသာကို ၅၀ လောက် ဈေးတက်လာပါတယ်။

ကြက်သွန်နီကတော့ ဈေးကျဆင်းနေပါတယ်။ မိုးကြက်သွန်တွေကလည်း ဈေးကွက်အတွင်း ဆက်တိုက် ဝင်ရောက်နေပေမယ့် အရည်အသွေးအပိုင်း ညံ့တဲ့အတွက် ဈေးကောင်းရရှိမှုလည်း မရှိဘူးလို့ ကုန်သည်တွေထံနေ သိရပါတယ်။ တပတ်အတွင်း တပိသာကို ၁၀၀ နီးပါး ဈေးကျဆင်းသွားပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013