DVB Logo
Home
မြန်မာသတင်း
ဒဂုံမြို့သစ်က သောက်ရေသန့်လုပ်ငန်းအချို့ကို အက်ဖ်ဒီအေက ယာယီပိတ်သိမ်း
DVB
·
December 21, 2018
ဒဂုံမြို့သစ်က သောက်ရေသန့်လုပ်ငန်းအချို့ကို အက်ဖ်ဒီအေက ယာယီပိတ်သိမ်း
Donate to DVB

ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ် (GMP) နဲ့ ကိုက်ညီမှုမရှိလို့ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ သောက်ရေသန့်လုပ်ငန်းအချို့ကို အက်ဖ်ဒီအေက ယာယီရပ်ဆိုင်း ပိတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ  ရန်ကုန်ဟာ မြို့နယ် အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်တွေနဲ့အတူ ဒီဇင်ဘာ ၂၀ ရက်နေ့က ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်ရရှိထားတဲ့ သောက်ရေသန့်လုပ်ငန်းတွေကို ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့တာလည်း ဖြစ်ပါတယ်။

သောက်ရေသန့်လုပ်ငန်းအချို့မှာ ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ် (GMP) နဲ့ ကိုက်ညီမှု မရှိလို့ အကြီးစားပြုပြင်ဖို့နဲ့ ယာယီရပ်ဆိုင်း ပိတ်သိမ်းအရေးယူခဲ့တယ်လို့ အက်ဖ်ဒီအေ (ရန်ကုန်) က သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ သောက်ရေသန့်လုပ်ငန်းအချို့ကို GMP နဲ့ အညီ ပြန်လည်ပြုပြင်ဖို့၊ ပြု ပြင်ဆောင်နေစဉ်အတွင်း ဖြန့်ဖြူးထုတ်လုပ်ရောင်းချခြင်းမပြုဖို့ ညွန်ကြားခဲ့ပြီး လိုက်နာမှုမရှိပါက အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်အား ပြန်လည်ရုပ်သိမ်းသွားမည်ကို သိရှိပါကြောင်း ခံဝန်ကတိရေးထိုး အရေးယူခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာကစပြီး ၂၀၁၉ ခုနှစ်အတွင်း တလ ၄ မြို့နယ်အထိ သောက်ရေသန့်လုပ်ငန်းတွေကို ရှောင်တခင် ကွင်းဆင်းစစ်ဆေး အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013