DVB Logo
Home
မြန်မာသတင်း
တမူထူးခြားသည့် အသံ၊ ဟန်တွေနဲ့ ကော်နီ၏ အသည်းကွဲသီချင်းသစ်- ဆေး(ရုပ်သံ)
DVB
·
December 21, 2018
တမူထူးခြားသည့် အသံ၊ ဟန်တွေနဲ့ ကော်နီ၏ အသည်းကွဲသီချင်းသစ်- ဆေး(ရုပ်သံ)
Donate to DVB

“မတတ်နိုင်ဘူး… ရင်ထဲက လွမ်းတာကို… မတားနိုင်ဘူး… ဒါ စီးတဲ့ မြစ်ရေလို… မပြတ်နိုင်ဘူး… ငါ အရမ်းချစ်မိတာကို… အမှားမပြင်… အမှန်မမြင်… မင်းအနားရှိချင်လို့”

ဒါကတော့ လတ်တလော ထွက်ရှိထားပြီး ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ ၀ါရင့်အမျိုးသမီးအဆိုတော် ကော်နီရဲ့ ဆေးအမည်ရတဲ့ သီချင်းသစ်ထဲက သီချင်းစာ သားတွေ ဖြစ်ပါတယ်။

ဒီသီချင်းကိုတော့ နာမည်ကြီး လူငယ်တေးရေးဆရာ ဝေကြီးက ရေးစပ်ထားခဲ့တာ ဖြစ်ပြီး ကော်နီက မွေးနေ့အမှတ်တရအဖြစ် သူ့ရဲ့ တရားဝင်ယူကျုဘ်အင်တာနက်စာ မျက်နှာပေါ်မှတဆင့် ဒီဇင်ဘာလ ၂၀ ရက်နေ့က မျှဝေခဲ့တာဖြစ်ပါတယ်။

“နွေ… ကြွေစရာတွေ ခြွေပြီး…  နွေ… နွေအလယ်လို အပူမီး… နောက်ဆုံးတော့ ရင်ကိုခွဲ… မင်းလည်း အတူတူပဲ… ဟေး… အသည်းကွဲပျောက်တယ်ဆိုတဲ့ ဆေး… မင်းမ ရှိရင်ဖြစ်တယ်ဆိုတဲ့ ဆေး… ကမ္ဘာမှာ အခုထိ ရှာလို့မတွေ့”

ထိရှလှပတဲ့ စာသားတွေနဲ့အတူ ပရိသတ်တွေ နားမဆင်ရတာကြာပြီဖြစ်တဲ့ ကော် နီရဲ့ သီဆိုမှုကို ဒီသီချင်းထဲမှာ နားဆင်ကြရမှာ ဖြစ်ပါတယ်။

ဒီသီချင်းကို အလှမယ် မိုးစက်ဝိုင်ရဲ့ Moezy Cosmetics က စီစဉ်ပြီး ဒါရိုက်တာ မေဘရဏီက ရိုက်ကူးပုံဖော်ပေးထားခဲ့တာ ဖြစ်ပါတယ်။

“မတတ်နိုင်ဘူး… ရင်ထဲက ချစ်တာကို… မဖြစ်နိုင်ဘူး… ငါ ရူးသွပ်မိတာကို… ငါ မပြတ်နိုင်ဘူး… အရမ်းချစ်မိတာကို… အမှားကို အမှန်မြင်… မင်းအနားရှိချင်လို့”

ဒီသီချင်းဗွီဒီယိုထဲမှာတော့ အဆိုတော် ကော်နီကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထား ပြီး သူနဲ့အတူ သရုပ်ဆောင် ခါရာ၊ မုတ်သုန်၊ မြတ်ကျော့ခိုင်၊ ဦးနေသွေးသစ်၊ ဟန်နီ၊ ဇန်ထက်ထူး၊ မေမြတ်နိုးသွယ်၊ အန်ဂျလာကေတို့ကလည်း ပါဝင်ထားခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာသံ၊ စတီရီယိုခေတ်ကစပြီး လက်ရှိအချိန်ထိ သီချင်းပေါင်းများစွာ သီဆိုခဲ့ ပြီး အသံပါဝါအားကောင်းကောင်းနဲ့ သီဆိုတတ်တဲ့ အဆိုတော်ကော်နီရဲ့ ဒီသီချင်းထဲမှာတော့ ခပ်ဆွေးဆွေး အသံ၊ ဟန်တွေနဲ့အတူ ပရိသတ်တွေက ရှုစားနားဆင်ကြရမှာ ဖြစ်ပါ တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013