Home
အနုပညာ
Xtreme Fashion နဲ့ ညှို့အားပြင်းဓာတ်ပုံတွေ တင်လိုက်ပြန်တဲ့ သင်ဇာဝင့်ကျော် (ဓာတ်ပုံ)
DVB
·
December 21, 2018
tz7
tz6
tz5
tz3
tz2
tz1
tz
Untitled-1
အင်တာနက်လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ဓာတ်ပုံတွေတင်လိုက်တိုင်း ပရိသတ်ကြား ပွဲဆူစေတဲ့ သရုပ်ဆောင်မင်းသမီး သင်ဇာဝင့်ကျော်ဟာ ဒီတခါမှာလည်း သူ့ရဲ့ ညှို့အားပြင်း ဓာတ်ပုံတွေကို တင်လိုက်ပြန်ပါပြီ။ စိမ်းပြာရောင် အကွက်ဆင်အင်္ကျီ၊ ဂျင်းဘောင်းဘီအတိုနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံ စုစုပေါင်း ၇ ပုံကို တင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ အပေါ်ပိုင်း ရင်သားအလှပေါ်လွင်အောင် ရိုက်ကူးထားခဲ့တာကို တွေ့ရပါတယ်။ သရုပ်ဆောင် မင်းသမီး သင်ဇာဝင့်ကျော်ဟာ သူ့ရဲ့ ခန္ဓာကိုယ်ကောက်ကြောင်း အလှအပတွေနဲ့ ပရိသတ်တွေကို ဖမ်းစားထားနိုင်တဲ့ နာမည်ကြီးမင်းသမီးတဦးဖြစ်ပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်စာမျက်နှာပေါ်မှာတော့ အားပေးတဲ့ ပရိသတ် (Followers) ၉ သိန်းကျော်ရှိနေခဲ့တာပါ။ အခုလက်ရှိ မျှဝေထားခဲ့တဲ့ ဓာတ်ပုံတွေကိုတော့ တင်လိုက်တဲ့ နာရီပိုင်းအတွင်းမှာတင် ကြိုက်နှစ်သက်သူ ထောင်သောင်းချီ ရှိနေခဲ့ပါတယ်။ ဒီဓာတ်ပုံတွေရဲ့ အညွှန်းမှာတော့ Xtreme Fashion 💙 လို့ ရေးသားဖော်ပြထားခဲ့ပြီး အဆိုပါ ဖက်ရှင်ဆိုင်ရဲ့ ၀က်ဆိုဒ်လင့်ခ်တခုကိုလည်း ဖော်ပြထားခဲ့တာကို တွေ့ရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024