DVB Logo
Home
မြန်မာသတင်း
ခရစ္စမတ်အထိမ်းအမှတ် ကလေးမြို့တွင် သံဃာတော်များကို ဆွမ်းကပ်
DVB
·
December 21, 2018
ခရစ္စမတ်အထိမ်းအမှတ် ကလေးမြို့တွင် သံဃာတော်များကို ဆွမ်းကပ်
Donate to DVB

ခရစ်ယာန်ဘာသာဝင်တို့ရဲ့အထွဋ်အမြတ်ပွဲတခုဖြစ်တဲ့ သခင်ယေရှုမွေးနေ့အကြို အထိမ်းအမှတ် ဒီကနေ့မနက် ကလေးမြို့ရှိ ကတ်သလစ်ဆရာတော်ကြီးကျောင်းမှာ ဗုဒ္ဓဘာသာ သံဃာတော်အပါး ၁၀၀ကို ဆွမ်းကပ်လှူဒါန်းပါတယ်။

သိမ်းထားလို့မရတဲ့ စိတ်ရဲ့ငြိမ်းချမ်းခြင်း ပျော်ရွှင်တွေကို မျှဝေလိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တာဖြစ်တယ်လို့ ကလေးမြို့ ကတ်သလစ် သာသနာပိုင် ဂိုဏ်းအုပ် ဆရာတော်ကြီး  ဖဲလစ်လျန်ခင်းထန်က မိန့်ကြားပါတယ်။

ယေရှုမွေးနေ့ ခရစ္စမတ်အကြိုအတွက် ဗုဒ္ဓဘာသာ သံဃာတော်တွေကို ဆွမ်းကပ်တာအပြင် လှူဖွယ်ပစ္စည်းတွေ ပေးလှူခြင်းနဲ့ အပြန်အလှန်မေတ္တာပို့ဆုတောင်းခဲ့ကြပါတယ်။

သံဃာတော်တွေကလည်း လက်ဆောင် ပြန်လည်ပေးအပ်ခဲ့ပြီး တဦးနဲ့တဦး ချစ်ခင်မှ ငြိမ်းချမ်းတဲ့ အတူတကွယှဉ်တွဲနေထိုင်ရေးလည်း အဆင်ပြေမယ်လို့ မဟာသန္တာရုံ ဆရာတော် ဘဒ္ဒန္တပုညသေဋ္ဌက မိန့်ပါတယ်။

ကတ်သလစ်ဘုန်းတော်ကြီးတွေအနေနဲ့ ခုလိုဘာသာမတူတဲ့ ဗုဒ္ဓဘာသာ သံဃာတွေကို ခရစ်တော်မွေးနေ့အထိမ်းအမှတ်  နှစ်စဉ် ဆွမ်းကပ်ခဲ့တာဟာ အခုနှစ်ဆိုရင် တတိယအကြိမ်ရှိပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013