DVB Logo
Home
မြန်မာသတင်း
အမည်မသိ လက်နက်ကိုင်အဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် နယ်ခြားစောင့်ရဲ ၁ ဦး သေဆုံး
DVB
·
December 21, 2018
အမည်မသိ လက်နက်ကိုင်အဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် နယ်ခြားစောင့်ရဲ ၁ ဦး သေဆုံး
Donate to DVB

မြန်​မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုး လုံခြုံရေးဆောင်ရွက်တဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ကို လက်နက်ကိုင်အဖွဲ့တဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်သားတဦး သေဆုံးသွားပါတယ်။

ဒီဇင်​ဘာ ၁၉ ရက်​​​ နေ့လယ်​က နယ်​စပ်​ခြံစည်းရိုး အပြင်​ဘက်​ကနေ လက်နက်ကိုင်အဖွဲ့တဖွဲ့ နေရာယူ ပစ်​ခတ်​ခဲ့တဲ့ ​တောင်​ကုန်းရဲ့ ​တောင်​ဘက်​ ကိုက်​ ၁၀၀ လောက်အကွာမှာ ရဲတပ်​သားတဦး ပက်​လက်​အ​နေအထားနဲ့ သေဆုံး​နေတာကို ​တွေ့ရှိ​ကြောင်း ​နယ်မြေ ၂ စခန်း တာဝန်​ရှိသူတ​ဦးက ဒီဗွီဘီကို အတည်​ပြု​ပြောပါတယ်​။

"​သေဆုံး​နေတဲ့ အ​နေအထားက ဘယ်​ဘက်​​ပေါင်​ရင်းကျိုး၊ ဘယ်​လက်​​မောင်း၊ ရင်​အုပ်​မှန်​ဒဏ်​ရာ၊ ဘယ်​မျက်​လုံး​အောက်​ နှာခေါင်းရင်း​ ဖောက်ဝင်​ဒဏ်​ရာတွေ တွေ့ရှိပါတယ်​။ အ​လောင်းအနီးမှာ လုံးပတ်​ ၄ လက်​မခန့်​၊ အရှည်​လက်​မခွဲ၊ အချင်း ၁ လက်​မခန့်​ရှိ​သော မိုင်းခလုတ်တခု တွေ့ရှိပါတယ်​၊ သူကိုင်​​ဆောင်​တဲ့ သေနတ်​ ဘီ​အေ ၆၃ ​သေနတ်​က​တော့ တွေ့ရှိခြင်းမရှိ​ပါ၊ အ​လောင်း​အောက်​မှာ မိုင်းရှိ​ကြောင်း စစ်​​ဆေး​တွေ့ရှိရပါတယ်​။"

ဒီဇင်ဘာ ၁၇ ရက်ကလည်း မောင်တောမြို့နယ်၊ နယ်မြေ ၂၊ နယ်စပ်ခြံစည်းရိုး မှတ်တိုင် ၄၁ နဲ့ ၄၂ အကြားမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ လုံခြုံရေးကင်းလှည့်နေစဉ် ခြံစည်းရိုးတဖက်ခြမ်း တဖက်နိုင်ငံဘက်ခြမ်းကနေ အမည်မသိ အဖွဲ့တဖွဲ့က ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခဲ့လို့  ရဲတပ်သားတဦး ဒဏ်ရာရခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013