DVB Logo
Home
မြန်မာသတင်း
လူ့အခွင့်အရေးရှေ့နေ ဒေါ်ခင်ခင်ကျော် သာယာဝတီ အကျဉ်းထောင်မှ လွတ်မြောက်
DVB
·
December 21, 2018
လူ့အခွင့်အရေးရှေ့နေ ဒေါ်ခင်ခင်ကျော် သာယာဝတီ အကျဉ်းထောင်မှ လွတ်မြောက်
Donate to DVB

ဝတ္တရားနှောင့်ယှက်မှု ပုဒ်မ ၂၂၈ နဲ့ တရားစွဲဆို ထောင်ချခံရတဲ့ လူ့အခွင့်အရေးရှေ့နေ ဒေါ်ခင်ခင်ကျော်ဟာ ဒီကနေ့ သာယာဝတီ ဗဟိုအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပါတယ်။

၂၀၁၅ စက်တင်ဘာလက အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်လို့ ရိုက်နှက်ဖမ်းဆီး တရားစွဲခံကြရတဲ့ ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေအတွက် ရှေ့နေ ဒေါ်ခင်ခင်ကျော်က အမှုလိုက်ပေးခဲ့ရာ ပဲခူးတိုင်း သာယာဝတီမြို့နယ် တရားရုံးမှာ ရှေ့နေ ဒေါ်ခင်ခင်ကျော်နဲ့ တရားသူကြီးတို့ အချေအတင် ဖြစ်ပွားခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရှေ့နေ ဒေါ်ခင်ခင်ကျော်ကို သာယာဝတီမြို့နယ် တရားရုံးက ဝတ္တရားနှောင့်ယှက်မှု ပုဒ်မ ၂၂၈ နဲ့ တရားစွဲဆိုခဲ့ပြီး စက်တင်ဘာ ၂၈ ရက်က ထောင်ဒဏ် ၆ လ ချမှတ်ခဲ့တာပါ။

အမှုကို အယူခံဝင်ရာမှာ ခရိုင်တရားရုံးက ထောင်ဒဏ် ၃ လ လျော့ချကြောင်း အမိန့်ချမှတ်ခဲ့ပြီး ဒီကနေ့ ထောင်ဒဏ် ၃ လ ရက်စေ့လို့ ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်။

ရှေ့နေတဦးကို အခုလို ထောင်ဒဏ်ချမှတ်လိုက်တဲ့အပေါ် အယူခံ ဆက်တက်ထားပြီး မိမိမှာ အပြစ်မရှိတဲ့အကြောင်း  ပြန်လွတ်လာတဲ့ ရှေ့နေ ဒေါ်ခင်ခင်ကျော်က ပြောပါတယ်။

“ကျမကတော့ အခု ထောင်ဒဏ်ချမှတ်တဲ့အပေါ်မှာ အယူခံ ဆက်တက်ထားတယ်လေ။ ကျမကတော့ လုံးဝ အပြစ်ကင်းစင်ကြောင်းပေါ့နော်။ အဲဒီအတွက်ကို ဥပဒေကြောင်းအရ ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်မှာ အယူခံတက်ထားပါတယ်။ ကျမကတော့ အပြစ်ကင်းစင်ကြောင်း ဆက်လက်ကြိုးစား ဆောင်ရွက်သွားမယ်ပေါ့နော်။”

ဒေါ်ခင်ခင်ကျော်နဲ့ အမှုတွဲဖြစ်တဲ့ ကိုသန်းထိုက်ကတော့ ဒီဇင်ဘာ ၁၄ ရက်နေ့က ပြန်လည်လွတ်မြောက်ခဲ့ပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013