DVB Logo
Home
မြန်မာသတင်း
ဆေးလိပ်နှင့် အရက်ဖိုးကုန်မည့်ပိုက်ဆံဖြင့် စာအုပ်ကောင်းဝယ်ယူဖတ်ရှုရန် တိုက်တွန်း
DVB
·
December 20, 2018
ဆေးလိပ်နှင့် အရက်ဖိုးကုန်မည့်ပိုက်ဆံဖြင့် စာအုပ်ကောင်းဝယ်ယူဖတ်ရှုရန် တိုက်တွန်း
Donate to DVB

စာဖတ်ခြင်းဟာ စိတ်အင်အား ခိုင်မာတိုးတက်ဖို့ များစွာ အထောက်အကူပြုတဲ့အတွက် ဆေးလိပ်နဲ့ အရက်အတွက် ကုန်ကျမယ့်ပိုက်ဆံတွေကို စာအုပ်ကောင်းတွေ ၀ယ်ယူဖက်ရှုကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။

ဒီကနေ့  နေပြည်တော် MICC 2 မှာ ပြုလုပ်တဲ့ စာတတ်သူတိုင်း စာဖတ်ရေးလှုပ်ရှားမှု အခမ်းအနား အဖွင့်မိန့်ခွန်းပြောကြားစဉ်မှာ အတိုင်ပင်ခံက အခုလိုပြောဆိုလိုက်တာပါ။

“စာဖတ်တာဟာ ဆေးလိပ်သောက်တာထက် အများကြီးကောင်းပါတယ်။ ဆေးလိပ်က တခါသောက်ပြီးရင် မီးရှို့ပစ်လိုက်ကော။ စာအုပ်က တခါဝယ်ပြီးရင် တသက်ထားလို့ရတယ်။ အဲဒါကြောင့်မို့လို့ ဆေးလိပ်တို့ အရက်တို့အပေါ်မှာ ပိုက်ဆံအကုန်ခံမယ့်အစား၊ စာအုပ်ကောင်းတွေဝယ်ပါ။ တခြားသူတွေအတွက် ဝယ်ပြီးတော့လှူပေးပါ။ ကိုယ်ကိုယ်တိုင် မဖတ်ချင်ရင်တောင်မှ ဒါမှမဟုတ် ကိုယ်ကိုယ်တိုင်ဖတ်ဖို့ အချိန်မရှိဘူးဘဲဆိုဆို အကြောင်းကြောင်းကြောင့် မဖတ်ဖြစ်ဘူးဆိုရင်တောင်မှ စာကြည့်တိုက်တွေ၊ ကျောင်းစာကြည့်တိုက်တွေ၊ မြို့နယ်စာကြည့်တိုက်တွေကိုလှူပါ”

လှူဒါန်းတဲ့အခါမှာလည်း မိမိအိမ်ရှင်းလင်းရေးအတွက် ဖက်ရှုဖွယ်မကောင်းတဲ့ စာအုပ်တွေကို လှူဒါန်းတာမျိုးမဟုတ်ဘဲ စေတနာထား လှူဒါန်းပေးကြဖို့ လိုတယ်လို့လည်း  ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မိဘတွေအနေနဲ့လည်း သားသမီးတွေ စာဖတ်ဝါသနာစွဲမြဲစေဖို့အတွက် ငယ်စဉ်အချိန်က စတင်ပြီး စာအုပ်ကောင်းတွေ ဖတ်ရှုစေဖို့ ပံ့ပိုးကူညီပေးရမှာဖြစ်ပြီး စာအုပ်အပေါ် ဝေဖန်နိုင်စွမ်းရှိသူတွေအဖြစ် ကြီးပြင်းလာအောင် ပြုစုပျိုးထောင်ပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

စာဖတ်ရေးလှုပ်ရှားမှုအခမ်းအနားကို တက်ရောက်လာတဲ့ ကျောင်းသားတွေအနေနဲ့  ကျောင်းနဲ့ ပတ်သက်ပြီး မကြိုက်တဲ့ကိစ္စတွေရှိရင် ပညာရေးဝန်ကြီးကို ပြောကြဖို့လည်း ဒေါ် အောင်ဆန်းစုကြည်က ခုလိုပြောသွားပါတယ်။

“ကျောင်းမှာ မကြိုက်တာဘာရှိလဲ၊ မကြိုက်တာရှိရင် ပညာရေးဝန်ကြီးကို အခုပြောလိုက်။ ဘဘ ကျနော်တို့ ဒါမကြိုက်ဘူး။ ဟိုဟာမကြိုက်ဘူးလို့။ အခွင့်ရေးရှိတုန်းပြော။ နောက်တခါ တွေ့ဖို့မလွယ်ဘူး”

ဒီကနေ့ နေပြည်တော် MICC 2 မှာကျင်းပတဲ့ စာတတ်သူတိုင်း စာဖတ်ရေးလှုပ်ရှားမှု အခမ်းအနားဖွင့်ပွဲအပြီး ခင်းကျင်းပြသထားတဲ့ စာအုပ်ပြခန်းတွေကို လှည့်လည်ကြည့်ရှုစဉ် လာရောက်တွေဆုံခဲ့တဲ့ ကျောင်းသား ၃ ဦးနဲ့ တွေ့ဆုံစကားပြောစဉ်မှာ အခုလိုပြောဆိုလိုက်တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013