DVB Logo
Home
မြန်မာသတင်း
ပအိုဝ်းဌာနေပြည်သူ့စစ် ၁၆၀၀ကျော် လုပ်အားဒါနပေးရန်လာရောက်
DVB
·
December 20, 2018
ပအိုဝ်းဌာနေပြည်သူ့စစ် ၁၆၀၀ကျော် လုပ်အားဒါနပေးရန်လာရောက်
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်းက ပအိုဝ်းတိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ ဌာနေပြည်သူ့စစ်အင်အား ၁၆၀၀ ကျော်က ကိုရင်လေး ဆရာတော်ဘုရားရဲ့ သာသနာ နယ်မြေမှာ သန့်ရှင်းရေးနဲ့ လုပ်အားဒါနပေးဖို့ ဒီဇင်ဘာ ၁၈ ရက်က ရောက်ရှိလာကြပါတယ်။

လုံခုတ်၊ ပေါင်းလင်း ဌာနပြည်သူ့စစ်အားဟာ  ၄၀၀၀ ကျော်ရှိပြီး ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့် ဒေသအတွင်းက မြို့နယ်အပြင် ပအိုဝ်းအများစုရှိတဲ့ မြို့နယ်တွေမှာလည်း ဖွဲ့စည်းထားပြီး စုစုပေါင်း ၁၀ မြို့နယ်ရှိ ကျေးရွာတိုင်းမှာ တပ်စိတ် တစိတ်စီရှိတယ်လို့လည်း ဆိုပါတယ်။

ပွင့်လင်းရာသီဖြစ်တဲ့အတွက် သာသနာရေးအတွက် အထောက်အကူပြုဖို့ လာရောက်စုဝေး ဆွေးနွေးကြတာဖြစ်ပြီး ဘာသာသာသနာကို စောင့်ရှောက်ဖို့အတွက် ပြောဆိုခဲ့တယ်လို့ ပေါင်းလင်း ဌာနေပြည်သူ့စစ် လုံခုတ် ပြည်သူ့စစ်ခေါင်းဆောင် ဦးထွဋ်ခေါင်လင်းက ပြောပါတယ်။

လုံခုတ်ပြည်သူ့စစ်တွေဟာ ကိုရင်လေးဆရာတော် သာသနာနယ်မြေအတွင်း လုံခြုံရေး တာဝန်ယူထားတာတွေလည်းရှိပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းဖို့အတွက် ကင်းလှည့်ဆောင်ရွက် နေပါတယ်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO/PNLA) အပြင် ဒေသတွင်း လက်နက်ကိုင်တွေပြည်သူ့စစ်တွေလည်း ရှိနေပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)တပ်ဖွဲ့ဝင်တွေလည်း ၀င်ထွက်သွားလာမှုရှိနေတဲ့အတွက် မကြာခဏထိပ်တိုက် ရင်ဆိုင်မှုတွေ ရှိနေတာပါ။

ပအိုဝ်းတပ်ဖွဲ့ရဲ့ ရည်ရွယ်ချက်က နိုင်ငံရေး၊ လူမျိုးရေး တိုက်ခိုက်တဲ့ဝါဒမဟုတ်ကြောင်း လုံခုတ် ပြည်သူ့စစ်ခေါင်းဆောင် ခွန်ပန်းစိန်ကပြောပါတယ်။

ရှမ်းပြည်နယ်အတွင်းမှာ ဌာနေတိုင်းရင်းသားတွေကို ဖွဲ့စည်းတည်ထောင်ထားတဲ့ ပြည်သူ့စစ်အဖွဲ့တွေရှိသလို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေက အသွင်းပြောင်းလာတဲ့ ပြည်သူ့စစ်တွေလည်း ရှိကြပါတယ်။

ပြည်သူ့စစ်အများစုက ဥပဒေအရ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ လက်အောက်မှာ ရပ်ရွာ လုံခြုံရေးတာဝန်ယူထားရတာဖြစ်ပေမယ့် တပ်မတော်က သက်ဆိုင်ရာ စစ်တိုင်းဒေသအလိုက် တိုက်ရိုက် အုပ်ချုပ်တာဖြစ်ပါတယ်။

သတင်း-ကိုဇက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013