DVB Logo
Home
မြန်မာသတင်း
မြိတ်ဧရာဝတီဘဏ်တွင် ကျပ်၁၀၀၀တန် ငွေအတုများ ဖမ်းဆီးရမိ
DVB
·
December 20, 2018
မြိတ်ဧရာဝတီဘဏ်တွင် ကျပ်၁၀၀၀တန် ငွေအတုများ ဖမ်းဆီးရမိ
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်မြို့၊ ဧရာဝတီဘဏ်မှာ ကျပ် ၁၀၀၀၀ တန်ငွေစက္ကူအတုအရွက် ၅၀ ဖမ်းဆီးရမိတဲ့ နောက်ဆက်တွဲကွင်းဆက်ကို ထပ်မံဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးနေတယ်လို့ မြိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးမင်း က ပြောပါတယ်။

ဒီဇင်ဘာ ၁၈ ရက်က မြိတ်မြို့ ဧရာဝတီဘဏ်ခွဲ ၁ မှာ ငွေလွှဲလာရောက်ပေးသွင်းသူ ဦးစောဝင်းနိုထံကနေ တသောင်းတန်ငွေစက္ကူအရွက် ၅၀ ကို ဖမ်းဆီးရမိခဲ့တာလို့ သွားရောက်ဖမ်းဆီးခဲ့တဲ့ ဒုရဲအုပ်ထွန်းထွန်းနိုင်က ပြောပါတယ်။

“ဦးစောဝင်းနိုက ကားဖိုးငွေလွှဲဖို့ဆိုပြီး ဧရာဝတီဘဏ်မှာ ငွေလွှဲလာရောက် ပေးသွင်း တယ်။ ဘဏ်မန်နေဂျာက ငွေအတုလို့ယူဆရတဲ့အတွက် ကျနော်တို့ကို အကြောင်းကြားလို့ သွားရောက်စစ်ဆေးတော့ တသောင်းတန်ငွေအတု အရွက် ၅၀ ကို ဖမ်းဆီးရမိခဲ့တယ်။ ဒီငွေတွေကို ရေပုန်းရပ်ကွက်က လူတဦးထံကနေ စက်ပစ္စည်း အရောင်းအ၀ယ် ပြုလုပ်ရာကနေ ရခဲ့တယ်လို့ဖြေတယ်။ ကျနော်တို့ အခုစစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်''

အဆိုပါငွေတွေကို ရန်ကုန်ဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ဦးမင်းမင်းဇော်ရဲ့ ဘဏ်အကောင့်ထဲကို လာရောက်လွှဲပို့တာဖြစ်ပြီး လွှဲငွေ ၁၀ သိန်းကျပ်ထဲမှာ ငွေ ၅ သိန်းက အတုဖြစ်နေကြောင်း စစ်ဆေးပေါ် ပေါက်ခဲ့ပါတယ်။

“အထက်ကို တင်ပြထားပါတယ်။ ညွှန်ကြားချက်ရရင်  စီအိုင်ဒီကို လွှဲပြောင်းပေးပြီး ဆက်လက်စစ်ဆေးမှာပါ။ ဒီအမှုနဲ့ပတ်သက်ပြီး လက်ရှိရမန်ယူပြီး အချုပ်ချထားပါတယ်။ ကျနော်တို့ နောက်ဆက်တွဲကွင်းဆက်တွေကို စုံစမ်းစစ်ဆေးနေပါပြီ”လို့ မြို့နယ်ရဲမှူးအေးမင်းက ပြောပါတယ်။

လက်ရှိကာလ မြန်မာပြည်တွင်းမှာ ကျပ်တသောင်းတန် ငွေစက္ကအတုတွေ ဖမ်းဆီးရမိတာတွေများလာနေပြီး ပြည်သူတွေကြားမှာ ငွေစက္ကူအတုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုမြင့်တက် လာနေတာပါ။

ခုလိုဖမ်းဆီးရမိခဲ့တဲ့ငွေစက္ကူအတုတွေနဲ့ ပတ်သက်ပြီး ဦးစောဝင်းနို (၆၃ နှစ်) ကို မြိတ်မြို့မရဲစခန်းက (ပ)၂၀၂၂/၂၀၁၈၊ မြန်မာနိုင်ငံဗဟိုဘဏ် ဥပဒေ ပုဒ်မ ၁၀၅/၁၀၆ နဲ့အမှုဖွင့် ထားပါတယ်။

မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013