DVB Logo
Home
မြန်မာသတင်း
မေမြတ်နိုးနှင့် တရုတ်၊ အာဆီယံအဆိုတော်များ ပူးပေါင်းသီဆိုထားသည့် ဂုဏ်ပြုသီချင်း(ရုပ်သံ)
DVB
·
December 20, 2018
မေမြတ်နိုးနှင့် တရုတ်၊ အာဆီယံအဆိုတော်များ ပူးပေါင်းသီဆိုထားသည့် ဂုဏ်ပြုသီချင်း(ရုပ်သံ)
Donate to DVB

မြန်မာအလှမယ် သရုပ်ဆောင် မေမြတ်နိုးဟာ တရုတ်နဲ့ အာဆီယံနိုင်ငံတွေက အဆိုတော် ၅ ယောက်နဲ့အတူ ဂုဏ်ပြုသီချင်းတပုဒ်မှာ ပါဝင်သီဆိုကာ သရုပ်ဆောင်ထားခဲ့ပါတယ်။
“Mekong and Lancang, A River of Friendship”လို့ အမည်ပေးထားတဲ့ ဒီသီချင်းဟာ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု (Mekong-Lancang Cooperation) ကို ဂုဏ်ပြုရေးဖွဲ့ထားတာဖြစ်ပြီး လာအိုနိုင်ငံမှ တေးရေး Vilayphone Vongphachanh က ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။
ဒီသီချင်းကို ကမ္ဘောဒီးယားနိုင်ငံမှ Ma Chanpanha ၊ တရုတ်နိုင်ငံမှ Renqin Huang ၊ လာ  အိုနိုင်ငံမှ Manila Souvandouan ၊ ထိုင်းနိုင်ငံမှ Osatee Sunmpngkol ၊ ဗီယက်နမ်နိုင်ငံမှ Tran Thanh Trang တို့နဲ့အတူ မေမြတ်နိုးကလည်း ပါဝင် သီဆိုထားခဲ့တာ ဖြစ်ပါတယ်။
ဒီသီချင်းကို နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တရားဝင်ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှု ကွန်ရက်စာမျက်နှာပေါ်မှတဆင့် ဒီဇင်ဘာလ ၁၇ ရက်နေ့က မျှဝေထားခဲ့တာဖြစ်ပြီး ဒါဟာ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံ (၆) နိုင်ငံရဲ့  စည်းလုံးညီညွတ်မှု၊ အပြန်အလှန် ကူညီပေးမှု၊ ဘုံ ဖွံ့ဖြိုးတိုးတက်မှုတွေကို ရည်ညွှန်း ရေးဖွဲ့ထားတာဖြစ်တယ်လို့ ဖော်ပြထားတာပါ။
မေမြတ်နိုးဟာ ၂၀၁၄ ခုနှစ်အတွက် Miss Asia Pacific World အလှမယ်ဆုရှင် ဖြစ်သလို Asia’s Next Top Model ရဲ့ ပြိုင်ပွဲဝင်ဟောင်း တဦးလည်း ဖြစ်ပြီး လက်ရှိမှာတော့ ဟောလိဝုဒ်ရုပ်ရှင်ကားတကားဖြစ်တဲ့ Invincible ရုပ်ရှင်ကားမှာ ခေါင်းဆောင်မင်းသမီးတဦးအဖြစ် ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ မေမြတ်နိုးဟာ ဟောလိဝုဒ်နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင် မင်းသားတွေဖြစ်ကြတဲ့ Fast & Furious 1 မှာ Leon အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Johnny Strong ၊ ချီလီစတန့်သရုပ်ဆောင်မင်းသား Marko Zaror တို့နဲ့အတူ ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013