DVB Logo
Home
မြန်မာသတင်း
စာကြည့်တိုက်များတွင် ကလေးဖတ်စာအုပ်များထားရန် အတိုင်ပင်ခံပုဂ္ဂိုလ်တိုက်တွန်း
DVB
·
December 20, 2018
စာကြည့်တိုက်များတွင် ကလေးဖတ်စာအုပ်များထားရန် အတိုင်ပင်ခံပုဂ္ဂိုလ်တိုက်တွန်း
Donate to DVB

စာကြည့်တိုက်တွေမှာ ဟောင်းနွမ်းပြီးလူမဖတ်ချင်တဲ့စာအုပ်တွေ မထားကြဘဲ ကလေးငယ်တွေဖတ်ချင်တဲ့ စာအုပ်တွေထားကြဖို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

နေပြည်တော်မှာ ဒီမနက်ကျင်းပတဲ့ စာတတ်သူတိုင်း စာဖတ်ရေးလှုပ်ရှားမှု အခမ်းအနားမှာ ပြောဆိုတိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

“တချို့မြို့နယ်တွေမှာ မြို့ထဲက စာကြည့်တိုက်ဆိုတာ သွားကြည့်လိုက်ရင် ဘယ်သူကမှ မလိုချင်တဲ့ စာအုပ်အဟောင်းကြီးတွေ မဂ္ဂဇင်းအစုတ်ကြီးတွေ တခါထဲကျောင်းစာအုပ် အနွမ်းကြီးတွေ အိမ်မှာမထားချင်လို့ နေရာယူတယ်ဆိုပြီးတော့ ပေးထားတဲ့ဟာတွေ၊ ဘယ်သူက ဖတ်ချင်မှာလဲ၊ စာဖတ်ချင်တဲ့စိတ်ဖြစ်အောင် ဒီလိုဟာမျိုးတွေက မလုပ်ရဘူး။ ကျမတို့ ရွေ့လျား စာကြည့်တိုက်မှာဆိုရင် အထူးသဖြင့်ကလေးတွေဖတ်ချင်မယ့် စာအုပ်မျိုးတွေ အများကြီး ထည့်ပါတယ်။ ရုပ်ပုံတွေအများကြီးနဲ့ အရောင်တွေက လှလှပပ တောက်တောက်ပြောင်နဲ့။”

ငယ်စဉ်ကတည်းက စာအုပ်ဖတ်ချင်စိတ်သဋေတည်သွားပြီဆိုရင် တသက်လုံး စာဖတ်ခြင်း ဟာ ကိုယ့်အတွက်အကျိုးပြုနိုင်သလို ပတ်ဝန်းကျင်အတွက်အကျိုးဖြစ်အောင်လည်း သုံးတတ် သွားကြမယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က စာဖတ်တာကြောင့် ကိုယ့်ဘ၀ ၀န်းကျင်ဟာ ကမ္ဘာကြီးလောက် ကျယ်ပြန့်သွားပြီး အင်မတန်အကျိုးရှိတယ်လို့လည်း ပြောပါတယ်။

စာရေးတဲ့သူတွေကလည်း ကိုယ်သိမြင်ထားတာတွေကို ပြန်လည်ဝေမျှချင်လို့ ရေးတဲ့သူတွေ ရှိသလို သူတွေးခေါ်ထားသလို စာဖတ်သူတွေ တွေးခေါ်လာအောင် ရေးတဲ့သူတွေလည်း ရှိတဲ့အကြောင်း ပြောပါတယ်။

သူကတော့ စာအုပ်တွေဖတ်တဲ့အခါ အရေးအသားကောင်းတဲ့စာအုပ်တွေ ဇာတ်လမ်း ဇာတ်ကွက်ကောင်းတဲ့ စာအုပ်တွေကို ဖတ်လေ့ရှိတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံ တ၀န်းရှိ စာတတ်မြောက် သူတိုင်း စာပေဖတ်ရှုတဲ့ အလေ့အထကောင်းတွေ ပိုမိုတိုးတက် လာစေရေးအတွက် အားပေးလှုံ့ဆော်ရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စာတတ်သူတိုင်း စာဖတ်ကြရေး လှုပ်ရှားမှုကို ဒီနေ့ကစပြီး နိုင်ငံအနှံ့ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ အသက် ၁၅ နှစ် အထက် အရွယ်ရောက်ပြီးသူ စာတတ်မြောက်မှုနှုန်းဟာ ၈၉ ဒသမ ၅၂ ရာခိုင်နှုန်းရှိပါတယ်။

အရွယ်ရောက်ပြီးသူ အမျိုးသား ၉၂ ဒသမ ၆ ရာခိုင်နှုန်း၊ အရွယ်ရောက်ပြီးသူ အမျိုးသမီး ၈၆ ဒသမ ၉ ရာခိုင်နှုန်းဟာ စာတတ်မြောက်ပြီး သူများ ဖြစ်ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013