
အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအကြိုအဖြစ် ရခိုင်ပြည်နယ် အရပ်ဖက် အဖွဲ့အစည်းများ ငြိမ်းချမ်းဖိုရမ်ကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ခိုင်သဇင်ခန်းမမှာ ဒီကနေ့ ဒီဇင်ဘာ ၂၀ရက်ကစလို့ ၃ ရက်ကြာ ကျင်းပနေကြပါတယ်။
ဖိုရမ်မှာ ရခိုင်ပြည်နယ် ၁၇ မြို့နယ်က အရပ်ဖက်အဖွဲ့အစည်း ကိုယ်စားလှယ်တွေ မြို၊ ခမီ၊ မရမာကြီးစတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စု ကိုယ်စားလှယ်တွေနဲ့ ဖိတ်ကြားထားသူတွေ တက်ရောက် ဆွေးနွေးနေကြပါတယ်။
အကြောင်းအရာအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီးတော့ ရခိုင်လွတ်မြောက်ရေးပါတီ ဗဟိုကော်မတီဝင် စောမြရာဇာလင်းနဲ့ ရခိုင်အမျိုးသားပါတီ အတွင်းရေးမှူး ဦးသာထွန်းလှတို့က ဆွေးနွေးခဲ့ကြပါတယ်။
အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို အဓိကအချက်သုံးချက်နဲ့ ကျင်းပ ဆွေးနွေးသွားမှာဖြစ်ပြီး ငြိမ်းချမ်းရေး၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်စာတမ်းတွေ ထွက်ရှိလာဖို့ ဒီဖိုရမ်ကို ကျင်းပနေကြတာပါ။
ဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၉ ရက်ကနေ ၂၁ ရက်ထိ ကျင်းပသွားမှာဖြစ်ပြီး ရလာတဲ့အချက်အလက် အကြောင်းအရာတွေကို ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ တင်သွင်းနိုင်ဖို့ ရည်ရွယ်ကျင်းပတာလည်းဖြစ်ပါတယ်။











