DVB Logo
Home
Lead Story
စိတ်ကူးအိပ်မက် တကယ်ဖြစ်ဖို့ အခွင့်အလမ်း
DVB
·
December 21, 2018
စိတ်ကူးအိပ်မက် တကယ်ဖြစ်ဖို့ အခွင့်အလမ်း
1 / 9
Donate to DVB

လူငယ်တိုင်းကတော့ အနာဂတ်အိပ်မက်တွေ ကိုယ်စီရှိတတ်စမြဲပါ။ တချို့ကျတော့ အိပ်မက်တွေ တကယ်ဖြစ်လာခဲ့တယ်။ တချို့ကျတော့ မိသားစု စီးပွားရေးအခြေအနေအရ ငယ်ရွယ်စဉ်က အိပ်မက်တွေ လမ်းခုလတ်မှာ ပျောက်ဆုံးခဲ့ရတယ်။

ခုအချိန်အခါမှာ နိုင်ငံတော်က ပညာရေးနဲ့ပတ်သက်လို့ ပံ့ပိုးပေးနေပေမယ့်လည်း တခြားသော ကျောင်းစာနဲ့ပတ်သက်တဲ့ ကုန်ကျစရိတ်တွေကြောင့် အဆင်မပြေတဲ့သူတွေလည်း ရှိပါတယ်။

ပတ်ဝန်းကျင်ကောင်း၊ မိသားစုရဲ့ စီးပွားရေးအခြေအနေ၊ လေ့လာအားကောင်းမှု စတဲ့ အချက်တွေဟာ ကလေးတယောက်ရဲ့ ပညာရေးမှာ အောင်မြင်မှုတွေ ရနိုင်စေဖို့အတွက် အရမ်း အရေးကြီးပါတယ်။

ကျောင်းနေအရွယ်ကလေးငယ်ရဲ့ ပတ်ဝန်းကျင်ဆိုတာ သူကျင်လည်ရောက်ရှိရာရပ်ဝန်း၊ တနည်းပြောရရင် သူသင်ကြားတက်ရောက်ရာ ကျောင်းပေါ့။ ဒီဝန်းကျင်ကောင်းရင် အိပ်မက်တွေ တကယ်ဖြစ်ဖို့ တဝက်ကျော်နေပြီ။ ကျန်တာကတော့ သင်ကိုယ်တိုင်နဲ့ မိသားစုဝင်ငွေအပိုင်းပေါ့။

မိသားစုဝင်ငွေကြောင့်တော့ ပညာဆက်လက်သင်ကြားရေးအတွက် မျှော်လင့်ချက် မပျက်စေချင်ဘူး။ ဒီအတွက် ပညာသင်ဆုနဲ့ တက်လှမ်းနိုင်အောင် အစီအစဉ်တွေ ရှိပါတယ်။ အထူးသဖြင့် SCG ကျောင်းရဲ့ စိတ်ကူးအိပ်မက် ဖြည့်စွက်အစီအစဉ်အဖြစ် ပညာသင်ကူညီပံ့ပိုးရေး အစီအစဉ်ကလည်း သင့်မျော်လင့်ချက်ကို ဖြည့်ဆည်းပေးမှာပါ။ အရင်ကလည်း ပညာသင်ထောက်ပံ့ရေး ကူညီပံ့ပိုးပေးခဲ့သလို အခုရော နောင်ရော ဆက်လက် မျှဝေပေးသွားမှာဖြစ်တယ်။



မိသားစုစီးပွားရေး အခက်အခဲကြောင့် ပညာရေး ရှေ့ခရီးဆက်ဖို့ အခက်အခဲကို ကူညီဖြေရှင်းပေးဖို့ SCG ရဲ့ အစီအစဉ်ကောင်းလေးအကြောင်း မျှဝေချင်တယ်။ ဒါကတော့ “ပညာသင်ဆု” ပေးရေး အစီအစဉ်ပါ။

များသောအားဖြင့်တော့ ပညာရည်ထူးချွန်သူတွေကိုသာ မျှော်လင့်ချက်တခုထားပြီး ပေးခဲ့ကြတာကို အားလုံးအသိ။ SCG ကတော့ ပညာရည်ထူးချွန်သူကိုသာမက ကျောင်းသားကိုယ်တိုင်ရဲ့ ခံယူချက်ပြင်းထန်ပြီး စိတ်ဓာတ်ခွန်အားမြင့်မားသူ၊ နိုင်ငံအကျိုးပြု အနာဂတ်အိပ်မက် မြင့်မားသူတွေကိုလည်း “ပညာသင်ဆု” အဖြစ် ပေးမှာဖြစ်ပါတယ်။ ပေးလည်း ပေးခဲ့ပြီးပါပြီ။

ကမ္ဘာကြီးကိုယ်တိုင်က ပညာခေတ်ကြီးကို တက်လှမ်းနေချိန်မှာ တချိန်က အသက်မွေးဝမ်းကြောင်းအဖြစ် ဒါမှမဟုတ် ဘဝထွက်ပေါက်အဖြစ် မြင်ခဲ့ကြတဲ့ ဆရာဝန်တို့ အင်ဂျင်နီယာတို့လောက်နဲ့တင် လုံလောက်တဲ့ အတိတ်ကမ္ဘာကြီးကို ကျော်လွှားခဲ့ပါပြီ။

ပညာရပ်အားလုံးဟာ လိုအပ်ချက်တခု ဖြစ်နေတာကြောင့် ပညာခေတ်ရဲ့ အလျင်နဲ့အညီ လိုက်ပါနိုင်ဖို့အတွက် ပညာရည်ထူးချွန်သူသာမက မိမိယုံကြည်စိတ်ညွှတ်ရာ ပညာရပ်ကို စိတ်ထက်သန်မှုအပြည့်နဲ့ အနာဂတ်အိပ်မက်ရှိသူတွေအတွက် ရည်ရွယ်ပြီးပေးတဲ့ ပညာသင်ဆု ဖြစ်ကြောင်း ကြိုတင် အသိပေးလိုက်ပါတယ်။

ဒါကတော့ SCG ရဲ့ ပညာရေးနဲ့ပတ်သက်တဲ့ ခိုင်မာတဲ့ ခံယူမှုလို့လည်း ဆိုနိုင်ပါတယ်။ ဒါကြောင့် SCG ဟာ ပညာထူးချွန်သူသာမက စိတ်ဓာတ်ခွန်အားနဲ့ ရည်မှန်းချက်ကြီးသူတွေ အတွက်လည်း ပညာသင်ဆုကို  ပေးအပ်မှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။



SCG ရဲ့ ပညာသင်ဆုကိုသာရခဲ့ရင် သင့်ပညာရေး ဆုံးခန်းတိုင်သည်အထိ (ဘွဲ့ရသည်အထိ) တာဝန်ယူသွားမှာပါ။ သင့်ဘက်က စိတ်အားထက်သန်မှု၊ မဆုတ်မနစ်တဲ့ဇွဲ၊ ဝီရိယနဲ့ သင့်အိပ်မက်ပန်းတိုင် တကယ်ဖြစ်လာအောင် တစိုက်မတ်မတ် စွမ်းဆောင်ဖို့သာ အဓိကပါ။

SCG ဘက်ကတော့ ၂၀၁၂ ခု ပညာသင်နှစ်က စတင်ကာ ပညာသင်ဆု ပေးအပ်နေပြီး ၂၀၁၈ မှာဆိုရင် ပထမဆုံးအနေနဲ့ တက္ကသိုလ်တက်ရောက်နိုင်တဲ့အထိ ပညာသင်ဆု ပေးအပ်နေတာ ဖြစ်ပါတယ်။

ပညာသင်ဆု ပေးအပ်ရခဲ့သူအချို့ဆိုရင် ဘွဲ့ယူပြီးသူတွေတောင် ပေါ်ထွက်လာခဲ့ပါပြီ။ အဲ့ဒီအထဲက ပညာသင်ဆုပေးခဲ့တဲ့ ကျောင်းသားအချို့ရဲ့ မှတ်တမ်းနဲ့ သာဓကကို လေ့လာကြည့်တာနဲ့ သိသာနိုင်ပါတယ်။

ကျောင်းသားဟောင်းများရဲ့ စိတ်အားထက်သန်မှုကိုကြည့်ရန်

https://www.facebook.com/SCGBrandMyanmar/posts/2254597581278715

ကျောင်းသားဟောင်းများရဲ့ ကြိုးစားအားထုတ်မှုကိုကြည့်ရန်

https://www.facebook.com/SCGBrandMyanmar/videos/260047548028691

တောက်ပနေတဲ့ကြယ်ပွင့်လေးတွေ  SCG နဲ့အတူ ပျော်ရွှင်စွာ ပညာသင်ကြစို့နော်

#SCG

#SharingTheDream

#PassionForBetter

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013