
ညပိုင်းအလုပ်ဆင်းမယ့် အလုပ်သမားတွေအပါအ၀င် ညဘက် သွားလာကြမယ့် ခရီးသွားပြည်သူတွေအတွက်ရည်ရွယ်ပြီး YBS 98 ၊99၊ 20 ၊83 ယာဉ်လိုင်းတွေကို ဒီဇင်ဘာ ၁၉ရက်ကစပြီး ၂၄ နာရီ စတင်ပြေဆွဲ ပေးနေပြီ ဖြစ်ပါတယ်။
လိုက်ပါစီးနင်းမယ့်ခရီးသွားတွေ လုံခြုံရေးအတွက် ၂၄ နာရီစောင့်ကြည့်စင်တာတွေကနေ ထိန်းချုပ်မှာ ဖြစ်သလို ကားပေါ်မှာလည်း ယာဉ်အကူထားရှိပေးမှာ ဖြစ်ပါတယ်။
လှိုင်သာယာ မီးခွက်ဈေး၊ ရုံးရှေ့၊ ပေါက်တောဝ၊ ဘုရားလမ်း၊ ဘုရင့်နောင်လမ်းဆုံ၊ သီရိမင်္ဂလာဈေး၊ မြေနီကုန်း၊ သခင်မြပန်းခြံအထိပြေးဆွဲပြီး မှတ်တိုင်တွေမှာ ၃ မိနစ်ကနေ ၅မိနစ်အထိ ရပ်တန့်ပေးမှာဖြစ်ပါတယ်။
ကြားမှတ်တိုင်တွေမှာတော့ ရပ်တင်ချစနစ်နဲ့ ပြေးဆွဲပေးသွားမယ်လို့လည်းဆိုပါတယ်။
ယာဉ်စီးခကိုတော့ မူလသတ်မှတ်ထားတဲ့ ၂၀၀ကျပ်ပဲ ကောက်ခံသွားမှာဖြစ်ပါတယ်။ ၂၄ နာရီ ပြေးဆွဲပေးနေတဲ့ Airpot Shuttel Bus ပြီးရင်အခု တချိန်တိုးချဲ့ပေးတာဟာ ဒုတိယအကြိမ်ဖြစ်ပါတယ်။











