DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
December 19, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိသာ ၆၀ ဝင် တအိတ်ကို ၇၇၃၀၀  ပေါက်ဈေးရှိပြီး တအိတ်ကို ၉၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင် အသင်းမှာတော့ မတ်ပဲက တအိတ်ကို ၆၅၀၀၀ ကနေ ၇၀၀၀၀ အထိ ပေါက်ဈေးရှိပြီး မနေ့ကဈေးအတိုင်း ပြောင်းလဲမှုမရှိပါဘူး။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၇၃၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ပဲစင်းငုံနီ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီအသစ်က တအိတ်ကို ၇၃၃၀၀  ပေါက်ဈေးရှိပြီး ၁၃၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၆၇၀၀၀ ကနေ ၆၈၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နှင့် မန္တလေး ကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၅၃၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ပဲလွန်းဖြူ

ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲလွန်းဖြူတအိတ်ကို ၇၆၈၀၀ ကနေ ၇၈၀၀၀ ပေါက်ဈေးရှိပြီး  ၃၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲတီစိမ်းတအိတ်ကို ၈၅၀၀၀ ကနေ ၈၇၀၀၀ အထိ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ဘုရင့်နောင်နဲ့ မန္တလေးကုန်စည်ဒိုင်မှာ ၉၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ပဲတီစိမ်း

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲတီစိမ်းတအိတ်ကို ၉၀၀၀၀ ကနေ ၁၁၅၀၀၀ အထိ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ် ဈေးတက်လာပါတယ်။ အောင်လံကုန်စည်ဒိုင်မှာ ပဲတီစိမ်းတအိတ်ကို ၁၂၀၀၀၀ ပေါက်ဈေးရှိပြီး ၆၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ အောင်လံကုန်စည်ဒိုင် ၅၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

နှမ်းနက်

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းဖြူတအိတ်ကို ၂၀၅၀၀၀ ကနေ ၂၁၅၀၀၀  ပေါက်ဈေးရှိပြီး ၅၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ နှမ်းနက်တအိတ်ကို ၁၉၅၀၀၀ ကနေ ၂၂၂၀၀၀ အထိ ပေါက်ဈေးရှိပြီး ၁၃၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် ၇၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

နှမ်းနက်စမုံ

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းနက်စမုံ တအိတ်ကို ၂၂၅၀၀၀ ကနေ ၂၃၂၀၀၀ ပေါက်ဈေးရှိပြီး ၉၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မကွေးကုန်စည်ဒိုင်မှာ နှမ်းနက်စမုံ တအိတ်ကို ၂၂၅၀၀၀ ကနေ ၂၂၆၀၀၀ အထိ ပေါက်ဈေးရှိပြီး ၄၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ မကွေးကုန်စည်ဒိုင် ၆၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013