DVB Logo
Home
မြန်မာသတင်း
ကာဒီနယ်ချားလ်စ်ဘို၏ မွေးနေ့အလှူငွေများကို စစ်ဘေးရှောင်များအတွက် ပေးအပ်မည်
DVB
·
December 19, 2018
ကာဒီနယ်ချားလ်စ်ဘို၏ မွေးနေ့အလှူငွေများကို စစ်ဘေးရှောင်များအတွက် ပေးအပ်မည်
Donate to DVB

မြန်မာပြည်ဆိုင်ရာကတ်သလစ်သာသနာ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုရဲ့ သက်တော်၇၀ ပြည့်မွေးနေ့နဲ့ ၀ါတော် ၂၈ နှစ်ပြည့်အတွက်ရရှိထားတဲ့ အလှူငွေတွေကို ကချင်နဲ့ ရှမ်းစစ်ဘေးဒုက္ခသည်တွေကို ပေးအပ်မယ်လို့ ကာဒီနယ်ရုံးက ကြေညာပါတယ်။

ကာဒီနယ်ချားလ်စ်ဘိုရဲ့မွေးနေ့လက်ဆောင်အဖြစ် မြန်မာကျပ် ၄၆,၇၅၁,၃၀၀၊ အမေရိကန်ဒေါ်လာ၃၅၉၀၊ ယူရို ၆၇၅နဲ့ စင်္ကာပူဒေါ်လာ ၁၀၀ တို့ကို ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် စစ်ဘေးဒုက္ခသည်များတွက် ပေးပို့လှူဒါန်းမယ်လို့ ဒီဇင်ဘာ ၁၇ ရက်က ကြေညာထားတာပါ။

ဒီအလှူငွေတွေကို ဗန်းမော်၊ မြစ်ကြီးနား၊ လားရှိုး ကက်သလစ်ဂိုဏ်းအုပ်သာသနာတွေမှာ ရှိတဲ့ စစ်ဘေးရှောင်တွေအတွက် အသုံးပြုသွားမှာဖြစ်ပြီး လာမယ့် ၂၀၁၉ ဇန်န၀ါရီ ၈ရက်မှာ စတင်ကျင်းပမယ့် ကက်သလစ်ဆရာတော်ကြီးများ အစည်းအဝေးမှာ သက်ဆိုင်ရာ ဂိုဏ်းအုပ် ဆရာတော်ကြီးတွေ လှူဒါန်းသွာမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံက ကက်သလစ်ဂိုဏ်းချုပ် ဆရာတော်ကြီး ချားလ်စ်မောင်ဘိုကို  ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က သူ့ရဲ့ ကိုယ်စားလှယ် အမတ် ကာဒီနယ်လ်(Cardinals) အဖြစ် ၂၀၁၅ ဇန်န၀ါရီ ၄ ရက်နေ့က ရွေးချယ်ခန့်အပ်ခဲ့ပါတယ်။

ကာဒီနယ် ချားလ်စ်မောင်ဘိုဟာ ၁၉၄၈ခုနှစ်  အောက်တိုဘာလ ၂၉ ရက်နေ့မှာ မြန်မာပြည်အလယ်ပိုင်း ရွှေဘိုမြို့နယ်၊ မွန်လှကျေးရွာမှာ မွေးဖွားခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013